Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 11 December 2012

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ သန်း ၇၀ ကျော်ရှိ


မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြီးခဲ့တဲ့ နိုဝင်ဘာ လအတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်

ဒေါ်လာ ၇၀.၂၄ သန်း ရှိတယ်လို့ သိရပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံ ရာမှာ ဆက်သွယ်ရေး ဆက်စပ် ပစ္စည်းနဲ့ စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ငါးပုဇွန်ပြုပြင် အေးခဲခြင်း၊ စက်မှုဥယျာဉ်(မြို့သာ) စက်မှုအထူးဒေသ တည်ဆောက်ခြင်း၊ အချိုရည် မျိုးစုံ ထုတ်လုပ်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ဓာတုဗေဒ ဆေးပစ္စည်းများ ထုတ်လုပ်ခြင်းနဲ့ ကျောက်မှုန့် ထုတ်လုပ်ခြင်း စတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ရင်းနှီးမြှုပ်နှံဖို့ အတွက် ခွင့်ပြုမှုတွေကို ပါမစ်နဲ့ခွင့်ပြုပေး လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တွေဟာ ဆောက်လုပ်ရေး လုပ်ငန်းများမှာ အများဆုံး ဖြစ်ပြီး စွမ်းအင် လုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနဲ့ သတ္တုတွင်း လုပ်ငန်းများ မှာလည်း အများအပြား ရင်းနှီးမြှုပ်နှံထား ကြတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ခွင့်ပြုပေး ထားတဲ့ ကုမ္ပဏီပေါင်း နှစ်သောင်း လေးထောင်ကျော် ခွင့်ပြုပေး ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့