Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 11 December 2012

ဧရာဝတီမြစ် အတွင်း ရေထိန်း တံခါးများ ဆောက်လုပ် သွားရန်ရှိ


ဧရာဝတီမြစ် ပြုပြင် ထိန်းသိမ်းရေးနဲ့ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အတွက် ရေထိန်း တံခါးများ ဆောက်လုပ် သွားဖို့ ရှိတယ်လို့ ဒီဇင်ဘာလ ၁၀

ရက်နေ့က မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံးချုပ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ရှင်းလင်း ဆွေးနွေးပွဲမှ သိရပါတယ်။ ဒီလို စီစဉ်ရ တာဟာ ဧရာဝတီမြစ် အတွင်း တစ်နှစ်ပတ်လုံး ရေယာဉ်များ သွားလာ နိုင်ဖို့နဲ့ စိုက်ပျိုးရေးများ အမြဲမပြတ် ရှိနေပြီး ကမ်းများ ပြိုမကျစေဖို့ ရေထိန်းတံခါး ပါဝင်တဲ့ ရေထိန်းတမံ အနိမ့်ကို ဆောက်လုပ်မှာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆောက်လုပ်တဲ့ အခါ ရေထိန်းတံခါးမှ ရေစီးဆင်း ပေးတဲ့ ပုံစံမျိုး ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် မြစ်ထဲမှာ ရေအမြဲမပြတ် စီးဆင်းနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီလို ရေထိန်း တံခါးများ ဆောက်လုပ်တဲ့ အခါ ဧရာဝတီမြစ် အတွင်း စီးဆင်းနေတဲ့ ရေချိုများ ပင်လယ်ထဲကို မစီးဆင်း တော့ဘဲ တာဘိုင်များနဲ့ လျှပ်စစ် ဓာတ်အားကို ထုတ်လုပ် နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ရေထိန်း တံခါးများ ဧရာဝတီမြစ် အတွင်း ဆောက်လုပ်ဖို့ အတွက် ဖြစ်နိုင်ချေလေ့ လာမှုများ ကိုတော့ ဘယ်လ်ဂျီယံ နိုင်ငံမှ ကုမ္ပဏီ ၁ ခုက အခမဲ့ ဆောင်ရွက် မှာဖြစ်ပြီး ဒီလို ဆောက်လုပ် မှုနဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲ ကိုတော့ ဒီဇင်ဘာ လလယ် ခန့်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆောက်လုပ်ဖို့ အတွက် ဖြစ်နိုင်ချေ လေ့လာမှု များကို လာမယ့်နှစ် ဇွန်လအပြီး ဆောင်ရွက်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူတွေထံ တင်ပြသွားမှာ ဖြစ်တဲ့အပြင် လေ့လာမှုများ ဆောင်ရွက် နေစဉ် ကာလ အတွင်း ပြည်သူများထံမှ ကန့်ကွက်မှုတွေ ရှိလာခဲ့ရင် အဆိုပါ အစီအစဉ်ကို ရပ်နားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့