Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

အမြန်လမ်းပေါ်ယာဉ်တိုက်ရာ သုံးဦးဒဏ်ရာရ

ယာဉ်တိုက်မှုအပြီးတွေ့ရသော ပျက်စီးနေသည့် ဂျစ်ကား ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ် အမြန်လမ်းပေါ်တွင် အရှိန်လွန်ပြီး  လမ်းဘေး၌ ကာရံထားသောတံတားတိုင်အား ၀င်ရောက်တိုက်မိသောကြောင့် ကားပေါ်ပါ  လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၃၉/၃ နှင့် ၂၃၉/၄ ကြားတွင် လမ်းဘေးကွန်ကရစ်တိုင်အား ၀င်တိုက်မိသောကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမှ နေပြည်တော်သို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ငှက်ကြီးချောင်းကျေးရွာနေသူ အမျိုးသားတစ်ဦး မောင်းလာသော စူပါမန္တလာဂျစ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားကို ကာရံထားသော ကွန်ကရက်တိုင်အား တိုက်မိပြီး တိမ်းမှောက်သွားခဲ့သည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတွင် ဒဏ်ရာအချို့သာရရှိခဲ့သည်။ အလားတူ ယာဉ်မောင်း၏ဇနီးတွင်လည်း ၀ဲဘက်လက်ချောင်း၊ ၀ဲဘက်လက်ဖျံနှင့် နဖူးတို့တွင်ပွန်းပဲ့ဒဏ်ရာများ  ရရှိခဲ့ပြီး အသက်(၁၁)နှစ်အရွယ် သမီးဖြစ်သူတွင် မျက်လုံးနှစ်လုံးကြား၊ ယာဘက်မျက်လုံးဘေး တစ်လက်မခန့်စီ ပွန်းပဲ့ဒဏ်ရာနှင့် ကျောကုန်းယာဘက် တစ်လက်မခန့်တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

““ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း သုံးယောက်လုံးကို နေပြည်တော်ဆေးရုံ တင်ပေးလိုက်ပါတယ်။ သက်သာတယ်လို့ သိရပါတယ်”” ဟု ပန်းတင်အမြန်လမ်းရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက စက်တင်ဘာ ၂၀ ရက် ညနေတွင် ပြောသည်။ ယင်းယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအား ပန်းတင်အမြန်လမ်းရဲစခန်းမှ ပြစ်မှုဆိုင်ရာပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း  သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့