Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

တောင်သူများကို တရားစွဲဆိုပြီး လယ်ယာမြေများကို ခြံစည်းရိုးခတ်နေခြင်းအား တားမြစ်ပေးရန်တောင်းဆိုခြင်းကို ကျေးရွာအုပ်ချုပ်ရေးက တာဝန်မယူ



နေပြည်ကောင်စီနယ်မြေ ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု  မကျည်းကုန်းကျေးရွာ နှင့် ဂွေးတောက်ရိုးကျေးရွာမှ တောင်သူများသည် ၎င်းတို့၏ လယ်ယာမြေများကို ရယူထားပြီး ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသဖြင့် ၀င်ရောက်လုပ်ကိုင်ကြရမှာ အမှုဖွင့် တိုင်ကြားခံရထားစဉ် ရယူထားသူ ဗိုလ်ခင်မောင်ဝင်းက လယ်ယာမြေများကို ရှင်းလင်းခြင်း ခြံစည်းရိုးကျောက်တိုင်စိုက် သွပ်စူးကြိုး ကာရန် လုပ်ငန်းများ လုပ်ကိုင်နေသည်ကို တားမြစ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်အား ယနေ့ 21.9.2013 ရက်နေ့တွင် သွားရောက်ပြောဆိုရာ တာဝန်မယူကြောင်း ပြောဆိုလိုက်သည်ဟု သိရသည်။

အဆိုပါကိစ္စတွင် တောင်သူများက ၎င်းတို့၏လယ်ယာမြေများကို ရယူထားသူ ဦးခင်မောင်ဝင်းအား လယ်ယာမြေများအတွက် ဆွေးနွေးညှိနှိုင်း၍ ငွေကြေးတိတိကျကျပေးချေရန် တောင်းဆိုရာမှ ဦးခင်မောင်ဝင်းက သစ်တောဌာနထံမှ လုပ်ပိုင်ခွင့်ရရှိထားပြီဖြစ်သည်ဟု ဆိုကာ တောင်သူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေများတွင် ရှင်းလင်းခြင်း ၊ ခြံစည်းရိုးကျောက်တိုင်စိုက် သွပ်စူးကြိုးကာရံခြင်းများကို လုပ်ကိုင်လာခြင်းဖြစ်သည်။

ဆွေးနွေးညှိနှိုင်းပေးခြင်း မရှိသဖြင့် တောင်သူများပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ကြရာ ဒက္ခိဏ(မြို့မ) ပေါက်တောရဲစခန်းတွင် တောင်သူများအား ကျူးကျော်ဝင်ရောက်မှုဖြင့် အမှုဖွင့်တိုင်ကြားထားသည်ဟု သိရသည်။ တောင်သူများနှင့် လယ်ယာမြေများကို ရယူထားသူ ဦးခင်မောင်ဝင်းတို့ အခြေအတင်ဖြစ်နေစဉ် တောင်သူ ဦးသောင်းကြည်၏ သား ကျွဲကျောင်းနေသည့်ကလေးအား ဦးခင်မောင်ဝင်းက ကျွဲချည်ကြိုးဖြင့် ရိုက်လိုက်သဖြင့် ဒက္ခိဏ(မြို့မ)ပေါက်တောရဲစခန်းတွင်ပင် သွားရောက်အမှုဖွင့် တိုင်ကြားရာ (၂)ပတ်ခန့် ကြာသည်အထိ အမှုဖွင့်မပေးသေးကြောင်း သိရသည်။

ဦးခင်မောင်ဝင်းဘက်မှ အမှုဖွင့်တိုင်ကြားသည်ကို ရဲစခန်းမှူးက စစ်ဆေးရာတွင် ပထမဆုံးနေ့တွင် ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့ပြီး တိုင်ကြားစာကို ဖတ်ကြားမပြဘဲ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒုတိယနေ့တွင်မှ တိုင်ကြားစာကို ပြ၍ စစ်ဆေးခြင်းဖြစ်ကြောင်း ၊ အစောပိုင်းတွင် ငွေကြေးရယူထားသူများကိုသား အမှုဖွင့် ထားသည်ဟု သိရပြီး နောက်ပိုင်းတွင်မှ ငွေကြေးရယူထားခြင်း မရှိသော ဦးကြည်သိန်း နှင့် မချစ်စုတို့ကိုပါ အမှုတွဲတွင်ပါသည်ဟု ဆိုကာ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်းဖြင့် တောင်သူများက ဆိုသည်။
တောင်သူများအနေဖြင့် ၎င်းတို့အားတရားစွဲဆိုပြီး ဦးခင်မောင်ဝင်းအနေဖြင့် အကွက်များထဲတွင် လုပ်ငန်းလုပ်ဆောင်နေခြင်းကို ဖြေရှင်းဆောင်ရွက်ပြီးပါမှ ဆက်လက်လုပ်ကိုင်ရန် ယာယီအားဖြင့် လုပ်ငန်း လုပ်ဆောင်ခြင်းကို နှစ်ဖက်စလုံးအား (ယာယီ)တားမြစ်ပေးနိုင်ပါရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ၊ ရဲစခန်း နှင့် ကျေးရွာအုပ်ချုပ်ရေးများအား စာဖြင့်တင်ပြထားသော်လည်း ယနေ့ လူကိုယ်တိုင်သွားရောက်ပြောဆိုရာတွင် ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ယူမည်မဟုတ်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့