Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ခုန်တက်သည့်ရွှေဈေး ပြန်ကျ

 ပြီးခဲ့သည့် သီတင်းပတ်က တစ်ရက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် တစ်သောင်းလေးထောင် နီးပါး ခုန်တက်သွားသည့် ပြည်တွင်း ရွှေဈေးမှာ ပြန်လည် ကျဆင်းသွားကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ကမ္ဘာ့ရွှေဈေး ရုတ်တရက် ထိုးတက်သွားသည့်အတွက် စက်တင်ဘာလ ၁၈ ရက်နေ့က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၉၁,၃၀၀ ကျပ်မှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၀၅,၀၀၀ ကျပ်ထိ တစ်ဟုန်ထိုး တက်သွားပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင်မူ အခေါက်ရွှေ တစ်ကျပ်သားကို ၆၉၈,၀၀၀ ကျပ်သို့ ပြန်လည် ကျဆင်းခြင်း ဖြစ်ကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။

တနင်္လာနေ့ ဈေးကွက် အဖွင့်တွင် ယခုအတိုင်း ဈေးဆက်လက် အေးနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦအေးချိုက ပြောကြားသည်။
“ရွှေဈေးက ပြန်အဖွင့်မှာ သိပ်ပြီး အပြောင်းအလဲ မရှိလောက်ဘူး။ ပြောင်းလည်း နည်းနည်းပါးပါးလောက်ပဲ” ဟု တိတ်စိန် ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ဆိုသည်။

ဈေးကျသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ် ပါးလျက် ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့