ယခင်အစိုးရလက်ထက် တွင် အာဏာရှိသည့်သူများနှင့် ပိုက်ဆံရှိသူများကို ဧကသောင်း နှင့် ချီပေးခဲ့ကြောင်း ၎င်းတို့အနေ ဖြင့် သစ်လုံးလိုက် မရောင်းဘဲ ပြည်သူလူထုအာပြန်ချပေးပါက ယခုလိုသစ်တောပြုန်းတီးမှုများ ဖြစ်မည်မဟုတ်ကြောင်းနှင့် ပြည်သူအားစိုက်ပျိုးခိုင်းပါက သစ်တောများပြန်လည်ဖွံ့ဖြိုးလာ ပြီး ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ပြန်လည်အားကောင်းလာနိုင် ကြောင်း ဦးအုန်းကဆိုသည်။
၁၉၅၆ခုနှစ်အတွင်း မြန်မာနိုင်ငံ ၏ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ ၆၅/၇၀ရာခိုင်နှုန်းအထိရှိခဲ့ပြီး ယခုအခါ၂၄ရာခိုင်နှုန်းသာ ကျန် တော့ကြောင်း ယခင်နှစ်များတွင် သစ်ကုဗတန်၎သိန်းထုတ်နိုင်ခဲ့ရာ ယခုအခါ ၈သောင်းလောက်သာ ထုတ်နိုင်ကြောင်း၊ ယခုအခါတွင် လည်း အစိုးရသည် ယခင်က ကြိုရောင်းထားသည့် အကြွေး များအတွက် သစ်တန်ချိန် တစ်သိန်း၊ နှစ်သိန်းထုတ်၍ပေး နေရကြောင်း၊ ဦးအုန်းကပြော ကြားသည်။
““ကျွန်တော်တို့အနေ နဲ့ သစ်တောမပြုန်းတီးအောင် ဟောပြောပွဲတွေလုပ်တယ်။ အာဏာပိုင်အဖွဲ့အစည်းတွေ သိအောင်လည်းဟောပြောတယ်။ ဒါဟာ သူတို့ကိုစော်ကားတာ မဟုတ်ဘူး။ ပညာပေးတာဖြစ် တယ်။ အားလုံးလုပ်ရမယ့် အလုပ်မို့လို့ ပညာပေးတာ””ဟု ၎င်းကဆိုသည်။
No comments:
Post a Comment