Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 September 2013

ကားတခါးပွင့်၍ ထွက်ကျကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ ဒေါ်ခင်ညို ဆေးကုသမှု ခံယူရန် မန္တလေးသို့ထွက်ခွာ

ဒေါ်ခင်ညို မကွေး-မန္တလေး ခရီးစဉ်ပြေးဆွဲနေသော ထိပ်တန်းမှန်လုံအမြန်ယာဉ် ၄ခ/၂၆၄၅ပေါ်မှ အမရပူရမြို့နယ်၊တခွန်တိုင် တိုးဂိတ်နှင့်မလှမ်းမကမ်း အမြန်လမ်းမကြီး၏တစ်နေရာ၌ (၁၅/၈/၂ဝ၁၃)နေ့ ည၁၁နာရီခန့်အချိန်တွင်ကားတခါးပွင့်၍ယာဉ် ပေါ်မှပြုတ်ကျကာပြင်းထန်စွာဒဏ်ရာရရှိခဲ့သူ မင်းဘူးမြို့၊ရေနံပြင်ရပ်၊အမှတ်(၁)ရပ်ကွက်မှဒေါ်ခင်ညိုသည်လိုအပ်သောဆေး ကုသမှုခံယူရန်အတွက်သြဂုတ်လ၃၁ရက်ညကမန္တလေးမြို့သို့ထွက်ခွာသွားပြီဖြစ်ကြောင်းသတင်းရရှိသည်။

တာဝန်ရှိသူယာဉ်ပိုင်မှ ဒေါ်ခင်ညိုအား လိုအပ်ပါက အသုံးပြုနိုင်ရန် ငွေရှစ်သောင်းကျပ်ပေးသည်မှ လွဲ၍မည်သည့်တာ ဝန်ယူမှုမျိုးကိုမျှပြုလုပ်ခြင်းမရှိ၍ ငွေကြေးခိျု့တဲ့သူဒေါ်ခင်ညိုအနေဖြင့် ပြင်းထန်ဒဏ်ရာများဖြင့်အသေခံရုံကလွဲ၍မည်သို့မျှမ တတ်နိုင်တော့သဖြင့်မင်းဘူးမြို့မှသတင်းသမားတစ်ဦးဖြစ်သူ တင်ရွှေ(မင်းဘူး)ကမိမိရရှိမည့်လစာငွေကိုမန္တလေးသို့ကားခ အဖြစ်လှူဒါန်းကာကူညီမှုပေးခဲ့ရကြောင်းဦးတင်ရွှေ(မင်းဘူး)ကပြောသည်။

''ကျွန်တော်တို့မင်းဘူးမှာ ဗြဟ္မာစိုရ်နာရေးကူညီမှုဆိုတဲ့အဖွဲ့ရှိပါတယ်။သူတို့ကားကိုဆီထည့်ပေးပါမယ်။ကူညီပါ။ ကာယကံရှင်မှာစားစရာတောင်ရှိတာမဟုတ်တဲ့အတွက်အဆင်မပြေလို့ပါ လို့တောင်းတောင်းပန်ပန်ပြောပါတယ်။ဘယ်လိုမှ အဆင်မပြေပါဘူး။သူတို့ကဒီခရီးကို ၁၂ဝဝဝဝိ/ရမှာဖြစ်မှာ။ဒီနည်းကလွဲလို့ တခြားနည်းမရှိတော့ဘူးလို့ပြောတယ်။အဲဒီအ သင်းကခေါင်းဆောင်ဖြစ်သူဦးသောင်းဟန်ကတော့ ကားလိုက်ဖြစ်ရင်သူကတစ်သောင်းခွဲထည့်ဝင်မယ်လို့တော့ပြောပါတယ်။ ဒါပေမယ့် မထူးတော့ဘူးဆိုပြီး ကျွန်တော့လစာငွေကိုလှူလိုက်ပြီးတော့စိတ်ရှင်းရှင်းနဲ့ပဲတခြားကားကိုငှားလိုက်တယ်။ဆင်းရဲ သားတွေဘဝကိုရင်နာလွန်းလို့''ဟုမြို့ခံသတင်းသမား ဦးတင်ရွှေ(မင်းဘူး)ကပြောသည်။

 ဒေါ်ခင်ညိုမှာတစ်ကိုယ်လုံးအနှံ့ဒဏ်ရာရရှိပြီးနေအိမ်တွင် ပြင်းထန်လှသောဝေဒနာကိုလူးလဲခံစားကာရက်ရှည်ကြာမြင့်စွာ အိပ်ယာပေါ်တွင်လူးလွန့်နေရသော်လည်းတာဝန်ရှိသူဂိတ်မှူး၊ ယာဉ်ပိုင်ရှင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအနေဖြင့် လုံးဝစာနာမှုမရှိပဲလာရောက်မေးမြန်းခြင်းပင်မရှိကြောင်း၊ သြဂုတ်လ၁၉ရက်နေ့ကမန္တလေးပြည်သူ့ဆေးရုံသို့ဦးနှောက်နှင့်အာရုံေ  ကြာစစ်ဆေးရန်တစ်ခေါက်သွားခဲ့စဉ်ကလည်းဒေါ်ခင်ညို၏ဆွေမျိုးများကသာ ရှိတာလေးတွေစုပြီးအကုန်အကျခံခဲ့ရကြောင်း သြဂုတ်၂၆ရက်နေ့ကဒေါ်ခင်ညို၏ နေအိမ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားချက်များအရသိရသည်။

အနှိမ်ခံ မရှိဆင်းရဲသားများ၏ဘဝကို ကိုယ်ချင်းစာ၍ထိခိုက်မိချိန်မှအစပြုကာယခုအချိန်အထိ အမျိုးမျိုးသောတာဝန် ဝတ္တရားပျက်ကွက်ခဲ့သူများ ကိုလိုအပ်သောအရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက်မိမိအနေဖြင့် ကူညီသွားမည်ဖြစ်ပြီးဆင်းရဲနွမ်းပါးငွေကြေးခိျု့တဲ့သူ ဒေါ်ခင်ညို၏ လူမှုဒုက္ခအဝဝတို့အတွက် ကူညီမှုများ ရရှိစေရေးတို့ အတွက်ပါ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တင်ရွှေ(မင်းဘူး)က ဆက်လက်ပြောကြားသွားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမရပူရမြို့နယ်၊မြစ်ငယ်ရဲစခန်းတွင် ဒေါ်ခင်ညို၏ဦးလေးတော်စပ်သူဦးဟုန်းစိန်က တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြား ထားပြီး ယာဉ်(ပ/၂၆)၂ဝ၁၃၊ပြစ်မှုပုဒ်မ(၃၃၇)ဖြင့် အမှုစစ်ယာဉ်ထိမ်း ဒုရဲအုပ် ထင်ကျော်သူက  လိုအပ်သောအရေးယူမှုများပြုလုပ်နိုင်ရန် ရဲလုပ်ငန်းများနှင့်အညီ် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့