![]() |
ကားပေါ်မှ ပြုတ်ကျသူ ဒေါ်ခင်ညို(၅၂နှစ်) |

လူတစ်ယောက် ပြုတ်ကျကြောင်း ခရီးသည်များ၏ အော်ဟစ်သံကြောင့်သာ ၂ဖာလုံခန့် အကွာတွင်
ကားကို ရပ်တန့်နိုင်ခဲ့ပြီး လမ်းပေါ်သို့ပြုတ်ကျ၍ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဒေါ်ခင်ညိုအား စောင် ဖြင့်ထုတ်ပိုးကာ ယာဉ်ပေါ်သို့ ပြန်တင်၍ သက်ဆိုင်ရာသို့ အသိပေးခြင်း မရှိဘဲ ထိပ်တန်းဂိတ်သို့ခေါ်ဆောင်ခဲ့ကြောင်း ဒေါ်ခင်ညို နှင့် အတူလိုက်ပါသူများက ပြောပြပါသည်။
ထိပ်တန်းဂိတ်သို့ အရောက်တွင် ယာဉ်ပေါ်မှ ပြုတ်ကျပြီး သေဆုံးသွားသူအား စောင်ဖြင့်ထုတ်ကာ တင်ဆောင်သွားကြောင်း သတင်းရရှိ၍ ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်၂ဦး (တစ်ဦးမှာအရပ်ဝတ်ဖြင့်)ရောက်ရှိလာ
သော်လည်း ထိပ်တန်းဂိတ်မှ တာဝန်ရှိသူများဖြင့်သာ စကားပြောဆိုပြီး ပြန်သွားကြသည်ဟု ဆိုပါသည်။
ထို့နောက် ဒေါ်ခင်ညိုနှင့်အတူ လိုက်ပါလာကြသူများအား လူနာကို မန္တလေးဆေးရုံကြီးသို့ ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း၊ ဆေးရုံသို့ရောက်၍ ဆရာဝန်များ မေးမြန်းသည့်အခါ “ယာဉ်ပေါ်မှအဆင်း တွင်မူးလဲကျ ၍ဒဏ်ရာများ ရရှိခြင်းဖြစ်သည်”ဟု ထွက်ဆိုစေကြောင်း၊ သို့မှသာ ဆေးကုသမှု ခံယူနိုင်မည် ဖြစ်သည်ဟု ပြောသဖြင့် ယာဉ်ပေါ်တွင်ဒေါ်ခင်ညိုနှင့် အတူလိုက်ပါလာသူ(၁၀)ဦးက ယင်းသို့ ထွက်ဆို ခဲ့ကြရပါသည်။
မန္တလေးဆေးရုံမှ ဒေါ်ခင်ညိုအား ပြင်ပလူနာအဖြစ် ဆေးကုသမှု ပေးကာ(၁၆.၈.၂၀၁၃)ရက်၊နေ့
လယ်(၁)နာရီတွင် ဆေးရုံမှဆင်းခွင့်ပေးခဲ့ကြောင်း၊ ထိပ်တန်းဂိတ်မှ တာဝန်ရှိသူများက ဒေါ်ခင်ညို၏ကျန်းမာရေး လုံးဝပြန်ကောင်းသည်အထိ တာဝန်ယူပါမည်ဟု ပြောဆိုကာ မင်းဘူးမြို့သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရပါသည်။
ယင်းနေ့ ည၇နာရီခွဲအချိန်ခန့်တွင် မင်းဘူးမြို့၊ အမှတ်(၁)ရပ်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ
ည ၉နာရီခန့်တွင် လူနာမှာ မသက်သာသဖြင့် မင်းဘူးဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း၊ နောက်တစ် နေ့တွင် ထိပ်တန်းယာဉ်(၄ခ/၂၆၄၅)ပိုင်ရှင်ဦးစိုးအောင် ကိုယ်တိုင်ရောက်ရှိလာပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည်အထိ တာဝန်ယူရုံမျှမက လက်ရှိလုပ်ငန်းခွင် ပျက်ကွက်သည့်အပေါ်တွင်ပါ စရိတ် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ကတိပေးပြီး လတ်တလောဆေးကုသ စရိတ်ငွေ ကျပ်(၈)သောင်း ထုတ်ပေးခဲ့ ပါသည်။
၁၈.၈.၂၀၁၃ရက်နေ့တွင် မင်းဘူးဆေးရုံမှ မန္တလေးဆေးရုံသို့ ဦးနှောက်နှင့် အာရုံကြောစစ်ဆေး
ကုသရန် စေလွှတ်သဖြင့် စရိတ်မတတ်နိုင်၍ ယာဉ်ပိုင်ရှင်ဦးစိုးအောင်ထံဆက်သွယ်ရာ မင်းဘူးသို့လာခဲ့ ပါမည်ဟုအကြောင်း ပြန်ခဲ့သော်လည်း မလာဘဲ ရှောင်တိမ်းနေခဲ့ကြောင်း သိရပါသည်။
သို့ဖြင့် ဒေါ်ခင်ညိုမှာယာဉ်ပေါ်မှ ကျပြီးကတည်းက အိပ်ယာမှ မထနိုင်၍ ရပ်ကွက်လူထု၏ ၀ိုင်း ၀န်းကူညီမှုဖြင့် ကားငှားကာမန္တလေးသို့ ၁၉.၈.၂၀၁၃ရက်နေ့တွင် ထွက်ခွာခဲ့ကြကြောင်း၊ မန္တလေးဆေး
ရုံသို့ရောက်ရှိခဲ့သည့် တိုင်ဆက်သွယ်ခြင်းမရှိ၍ ဦးဟုန်းစိန်(၅၈နှစ်)(ဘ-ဦးလှမောင်)က တရားလိုပြုလုပ်
ကာ အမှုနှင့်သက်ဆိုင်သူများအား အရေးယူပေးပါရန်၂၃.၈.၂၀၁၃ရက်နေ့က တိုင်တန်းသဖြင့် မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်ရဲစခန်းမှ ယာဉ်မောင်း ကိုလတ် တစ်ဦးတည်းကိုသာ ယာဉ်(ပ) ၂၆/၂၀၁၃ ပြစ်မှုဥပဒေပုဒ်မ၃၃၇ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။
“ကျွန်တော်တို့က အရမ်းဆင်းရဲပါတယ်။ အမှုအခင်းကိစ္စတွေကိုလည်း နားမလည်ပါဘူး။ သူတို့
ဘက်က တာဝန်ယူမယ်ပြောပြီး ရှောင်နေလို့သာ အမှုဖွင့်ရတာပါ။ မကွေးမြို့မရဲစခန်းက ဗိုလ်လေးတစ်ဦး ဖုန်းနဲ့ ဆက်သွယ်ပေးလို့ ယာဉ်ထိန်းတပ်ဖွဲ့က ရဲမှူးကြီးနဲ့တိုင်ပင်ပြီး မင်းဘူးကိုလာခဲ့ပါမယ်ဆိုတဲ့စကား သာရခဲ့ပြီး ဒီကနေ့အထိပေါ်မလာခဲ့ပါဘူး။ ဒါနဲ့အမှုဖွင့်တော့လည်း ယာဉ်မောင်းတစ်ဦးတည်းကိုပဲအရေး ယူပြီး ပုဒ်မကိုလည်း၃၃၇ ပဲတပ်ပါတယ်။လူနာကတော့ ခုထိအိပ်ယာထဲကမထနိုင်ပါဘူး”ဟု တရားလို ဦးဟုန်းစိန်က ၂၇.၈.၂၀၁၃ရက်နေ့က မီဒီယာများသို့ ရင်ဖွင့်ပြောကြားသည်။
No comments:
Post a Comment