Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 September 2013

ဖခင်မှသားဖြစ်သူအား ခြေဖ၀ါး(၂)ဖက်ကို ဓါးဖြင့်လှီးကာ ဆားသိပ်ပြီး ဆုံးမ

၃၁.၈.၂၀၁၃ရက်နေ့ ၁၈၀၀အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဒေါ်မြင့်မြင့်ဦးသည် နေအိမ်၌ ရှိနေစဉ် မြေးဖြစ်သူ မောင်ဝေယံထက်၊ (၁၁)နှစ်မှာ ရောက်ရှိလာပြီး ၄င်းအား ၃၀.၈.၂၀၁၃ရက်နေ့ ၁၄၃၀ အချိန်ခန့်က ရပ်ကွက်အတွင်းရှိ ရေကန်တွင် ရေဆင်းကူးသဖြင့် အတူနေ ဖခင်အရင်းဖြစ်သူ ဦးဇော်မင်းဦးမှ ခြေဖ၀ါး(၂)ဖက်အား ဓါးဖြင့်လှီးပြီး ဆားသိပ်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်သည်ကို မိထွေးဖြစ်သူ လည်း တွေ့မြင်ကြောင်း ပြောပြသဖြင့် ဝေယံထက်၏ ခြေဖ၀ါးများအား ကြည့်ရာ ဓါးဒဏ်ရာ(၁)ချက်စီ ရရှိ ထားသည်ကိုတွေ့ရှိရ၍ ဆေးကုသပေးပြီး ဦးဇော်မင်းဦးအား အရေးယူပေးပါရန် ၁.၉.၂၀၁၃ရက်နေ့တွင် ဒေါ်မြင့်မြင့်ဦးမှ တိုင်ကြားခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့