Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ချပ်ဝတ်တန်ဆာများ ထိန်းသိမ်းရေး ဂျပန်က နည်းပညာကူညီပေးရန်ကမ်းလှမ်း

 မြန်မာ ဘုရင်သီပေါမင်း၏ ချပ်ဝတ်တန် ဆာဒုယင်တော်နှင့် မိဖုရားခေါင် ကြီးစုဖုရားလတ်၏ မဟလ္လတာ ချပ်ဝတ်တန်ဆာကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံမှ နည်းပညာ ကူညီပံ့ပိုးပေးမည်ဖြစ် ကြောင်းသိရသည်။အဆိုပါချပ်ဝတ်တန်ဆာများ သည် အမျိုးသားပြတိုက်တွင် ထား ရှိခြင်းဖြစ်ပြီး ယင်းတို့အား ထိန်း သိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း အမျိုးသားပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်နုမြဇံက ပြောသည်။

''အမျိုးသားပြတိုက်မှာရှိတဲ့ ရတနာပုံခေတ် သီပေါမင်း၊ စုဖုရား လတ်တို့ရဲ့ မဟလ္လတာတန်ဆာကို ဂျပန်နိုင်ငံက ထိန်းသိမ်းစောင့် ရှောက်ပေးဖို့ ကမ်းလှမ်းထားပါ တယ်။ ချပ်ဝတ်တန်ဆာတွေကို ထိန်းသိမ်းသန့်စင်တဲ့အခါ လက် ဝင်ပါတယ်။ အမှားလဲ မခံနိုင်ပါ ဘူး။ ဂျပန်နိုင်ငံက စေတနာ့ဝန် ထမ်းအဖြစ် လာရောက်ပြီး ထိန်း သိမ်းစောင့်ရှောက်တဲ့နည်းတွေ ကို ပေးသွားမှာဖြစ်ပြီး ဒီမှာရှိတဲ့ ပြတိုက်က တာဝန်ရှိသူတွေ ပြ တိုက်မှူးတွေအတွက် ပညာတွေ ရရှိလိမ့်မယ်လို့ ထင်ပါတယ်''ဟု ယင်းက ပြောသည်။

အဆိုပါ ချပ်ဝတ်တန်ဆာ များကို အမျိုးသားပြတိုက်တွင် ပြ သထားပြီး ဂျပန်နိုင်ငံမှ ပညာရှင် များက မြန်မာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကမ်း လှမ်းထားခြင်းဖြစ်ပြီး ယင်းသို့ ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ နိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ် များကို ကမ္ဘာမှ သိရှိလာနိုင်မည် ဖြစ်ကြောင်းသိရသည်။
''အဲဒါမျိုးက အစောကြီး ကတည်းက လုပ်ရမှာပါ။ နိုင်ငံတ ကာ ပူးပေါင်းဆောင်ရွက်မှု ပေါ် လစီတွေကိုချမှတ်ပြီး ဆောင်ရွက် ရမှာပါ။ လာပြီးထိန်းသိမ်းပေးတဲ့ နိုင်ငံတကာက ပညာရှင်တွေဆီ မှာလဲ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေရှိပြီး ကမ္ဘာက သိရှိ လာနိုင်မယ့် အကျိုးတွေ ရရှိမှာ ဖြစ်သလို နိုင်ငံတကာက နည်းပ ညာတွေကို မြန်မာရှေးဟောင်း သုတေသနပညာရှင်တွေလဲ ရရှိ နိုင်မယ်ထင်ပါတယ်''ဟု နိုင်ငံတ ကာရှေးဟောင်းသုတေသနအဖွဲ့ များနှင့် သွားရောက်တူးဖော်ခဲ့ သော မြန်မာရှေးဟောင်း သုတေ သနပညာရှင် ဦးသူရအောင်က ပြောသည်။

ယင်း ချပ်ဝတ်တန်ဆာများ ကို ထိန်းသိမ်းစောင့်ရှောက်မည့် ဂျပန်အဖွဲ့ဝင်များမှာ အောက်တို ဘာတွင် မြန်မာနိုင်ငံသို့ ရောက် ရှိကာ လုပ်ငန်းစတင်နိုင်မည်ဖြစ် ကြောင်း သိရသည်။မြန်မာတို့၏ နောက်ဆုံး ဘုရင် သီပေါမင်းနှင့် စုဖုရားလတ် တို့၏ ချပ်ဝတ်တန်ဆာများကို အ မျိုးသားပြတိုက် မြေညီထပ်၊ ရတ နာပုံခေတ်ပြခန်းတွင် ပြသထား ကြောင်း အမျိုးသားပြတိုက်မှ သိ ရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့