Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

ဓာတုပစ္စည်းပါ နိုင်ငံခြားဖြစ်မုန့်များ တားဆီးရေး လှုပ်ရှားမှုစတင်

 မြန်မာနိုင်ငံ အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည့် နိုင်ငံခြားဖြစ် အသင့်စား အစားအစာများ ကာကွယ်တားဆီးရေး လှုပ်ရှားမှုများကို မကွေးတိုင်းဒေသကြီး တောင်တွင...်းကြီးမြို့တွင် စတင်ပြီ ဖြစ်ကြောင်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သည့် တောင်တွင်းကြီးမြို့နယ် ဆေးရုံ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။

ယင်းလှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံခြားဖြစ် မုန့်များနေ ရာတွင် မြန်မာ့ရိုးရာမုန့်များ ပြန်လည် ပေါ်ထွက်ရန် ဖြစ်ကြောင်း၊ တောင် တွင်းကြီးမြို့ တိုက်သစ် ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာ သင်တန်းမှ ကလေးငယ် ခြောက်ရာနီးပါးကို အပတ်စဉ် မြန်မာမုန့်များ အခမဲ့ကျွေးခြင်းဖြင့် စတင်လျက် ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

မြန်မာ့ရိုးရာမုန့်များ ပြန်လည် ပေါ်ထွက်လာရန် လှုပ်ရှားမှုသည် ကလေးသူငယ်များ၏ ကျန်းမာရေး အတွက်သာမက ပျောက်ကွယ်လျက် ရှိသော မြန်မာမုန့် ရောင်းချသူများ ပြန်လည် ပေါ်ပေါက်လာရန် အတွက် ဖြစ်ကြောင်း၊ ရောင်းချသူနှင့် စားသုံးသူများ ပေါ်ပေါက်လာပါက နိုင်ငံခြားဖြစ် မုန့်များ စားသုံးသူ နည်းပါးသွားနိုင်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ပြည်ပမှ ဝင်ရောက်လာသည့် မုန့်များတွင် ဆိုးဆေးများ၊ ဓာတုပစ္စည်းများ ထည့်သွင်းထားခြင်း၊ ပြည်တွင်း မုန့်လုပ်ငန်းရှင်များက ယင်းနိုင်ငံခြားဖြစ် မုန့်များအတိုင်း ဆိုးဆေးများ လိုက်လံ အသုံးပြုသည့်အတွက် ကလေးသူငယ်များသည် တဖြည်းဖြည်း သက်တမ်း တိုလာကြကြောင်း ဒေါက်တာကျော်ဆွေက The Voice သို့ ဆိုသည်။

သို့သော် မြန်မာမုန့် ပြန်လည် ပေါ်ပေါက်ရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးကြောင်း တောင်တွင်းကြီး မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

“မြန်မာမုန့်ဆိုတော့ တာရှည်ခံ ပစ္စည်းတွေ မထည့်တာ၊ သကြားဆို သကြားညိုကိုပဲ သုံးတာတို့၊ ဆေးသကြား မထည့်တာတို့ လုပ်ပေးပါလို့ အကြံပေးချင်တယ်” ဟု စားသုံးသူ ကာကွယ်ရေးအသင်း၏ အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က The Voice သို့ ပြောကြားသည်။

အဆိုပါ ရိုးရာမြန်မာမုန့် ပေါ်ပေါက်ရေး လှုပ်ရှားမှုတွင် ရိုးရာမုန့်လုပ်နည်း ကျွမ်းကျင်သူများ ပါဝင်သောကြောင့် မုန့်လုပ်ရာတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပါဝင်ပစ္စည်းများသာ အသုံးပြုကြောင်း၊ ယင်းအပြင် ကျွေးမွေးသူနှင့် စားသုံးသူ ကလေးငယ်များကိုလည်း ကျန်းမာရေး ဗဟုသုတများ သိရှိရန် အသိပညာပေး ဖြန့်ဝေမှုများ ပြုလုပ်ကြောင်း ဒေါက်တာကျော်ဆွေက ရှင်းပြသည်။

ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းများအပြင် စာသင်ကျောင်းများ၊ မိဘမဲ့ ဂေဟာများ၊ ကလေးသူငယ်များနှင့် သက်ဆိုင်သော နေရာတိုင်းက အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်လိုလျှင် တောင်တွင်းကြီးမြို့ နိုင်ငံခြားဖြစ်မုန့်များ တိုက်ဖျက်ရေး လှုပ်ရှားမှု တာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး အလှူရှင်များနှင့် ချိတ်ဆက်ကာ လိုက်လံ ဆောင်ရွက်ပေးသွားရန် ရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာ ဖြစ်ပွားမှုနှုန်းသည် အစားအစားနှင့် နေထိုင်မှုပုံစံ ပြောင်းလဲလာခြင်းကြောင့် ယခင်နှစ်များထက် ပိုများလာသောကြောင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများ၏ ကင်ဆာဖြစ် ပွားနှုန်းမြင့်သော နိုင်ငံများစာရင်း၌ ပါဝင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စာရင်းများအရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့