Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

လွှတ်တော်ထဲမှာ လမ်းပြင်တဲ့ကိစ္စ ၊ မီးမရတဲ့ ကိစ္စတွေကို ဆွေးနွေးနေ တယ်ဟု ဦးဇိုဇမ်းဆို

 ၂၀၀၈ အခြေခံဖွဲ့စည်းပုံကို ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေး ဆွဲရေးတို့အတွက် နိုင်ငံရေးပါတီ များ၊တိုင်းရင်းသားအဖွဲ့အစည်း များနှင့်အရပ်ဖက်လူ့အဖွဲ့အစည်း များ အမြင်အမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြခြင်းနှင့် ပတ် သက်၍ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်းကိုတွေ့ဆုံမေးမြန်း ခဲ့သည်။

၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေအပေါ်ပြင်ဆင်မယ်၊ ဖျက် သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲ မယ်လို့ ပြောနေကြတဲ့အပေါ် အမြင်သဘောထားကို ပြောပြ ပေးပါ။

ကျွန်တော့်အနေနဲ့ ၂၀၀၈ ဖွဲ့စည်ပုံနဲ့ ပတ်သက်လို့ ကိုယ်ပိုင် အယူအဆကို ပြောချင်ပါတယ်။ ကျွန်တော်တို့မှာ အခြေခံဥပဒေ ၁၉၄၇ မှာရှိခဲ့တယ်။ အဲဒါကို ပြု ပြင်မဲ့အစား အမှိုက်ပုံထဲထည့် လိုက်တယ်။ အဲဒါတွေက ဘာ တွေဖြစ်လာသလဲဆိုရင် မာရှယ် လောကို ဖိတ်ခေါ်လိုက်တာပဲ။ စစ်အာဏာရှင်၊ စစ်အုပ်ချုပ်ရေး ကိုဖိတ်ခေါ်တယ်ဆိုတာကအခြေခံ ဥပဒေကို အမှိုက်ပုံထဲထည့်လိုက် လို့ဖြစ်တယ်။ အဲဒီနောက် ၁၉၇၄ မှာ ဖွဲ့စည်းပုံဥပဒေကို ပြန်ဖော် ဆောင်လိုက်တယ်။ ၁၉၈၈ မှာ အဲဒါကို မပြုပြင်ဘဲ အမှိုက်ပုံထဲ ထပ်ထည့်လိုက်တယ်။ နောက် တစ်ကြိမ် မာရှယ်လောကို ဖိတ် ခေါ်တာဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့အခြေခံဥပဒေ ဟာ ဘာပဲဖြစ်ဖြစ် သုံးလို့ရတာ၊ မရတာအပထား၊ အမှိုက်ပုံထဲ တော့ မထည့်ချင်ဘူး။ အစဆုံး ပြုပြင်ဖို့ဆိုတာ ရင်ထဲမှာပဲထားရ မှာဖြစ်တယ်။ ဒီအခြေခံဥပဒေကို ပြုပြင်ရမှာဖြစ်တယ်။ ပြုပြင် ကောင်းတဲ့အရာဖြစ်တယ်။ များ များပြုပြင်လေ ပိုမိုကောင်းမွန်တဲ့ အခြေခံဥပဒေရမှာဖြစ်တယ်။ အခြေခံဥပဒေဆိုတာ ဖျက်သိမ်း ရမယ့်ကိစ္စမဟုတ်ဘူး။ ပြုပြင်ရ မယ်ဆိုတာကတော့ ကျွန်တော့်ရဲ့ ခံယူချက်ပဲဖြစ်ပါတယ်။

အခြေခံဥပဒေကို ပြင်ဆင် မယ်ဆိုရင် ဘယ်အချက်တွေကို ပြင်ဆင်ရမယ်ဆိုတာကို ပြောပေး ပါခင်ဗျာ။

အခြေခံဥပဒေမှာပါတဲ့ နိုင်ငံ တော်ဆိုတာကို စဉ်းစားပေးကြ ပါ။ နိုင်ငံတော်ဆိုတာ ဘာလဲ။ သက်ရှိမဟုတ်ဘူးလေ။ အခြေခံ ဥပဒေမှာ ဒီစကားလုံးက (၅၀) ကျော်လောက်ပါတယ်။ နိုင်ငံ တော်ဘာသာကြီးလေးရပ်ကိုစောင့် ရှောက်မယ်၊ ပြုစုမယ်ပြောတယ်။ ဒါကိုတကယ်တမ်းလိုအပ်တဲ့အခါ မှာ နိုင်ငံတော်လိုတောင်ပါတာ မဟုတ်ဘူး။ ဒီပြဿနာက နိုင်ငံ တော်နေရာမှာ အစိုးရသာဖြစ်ရ မယ်။ အခြေခံဥပဒေဟာ တိတိ ကျကျဖြစ်ရပါမယ်။ လိုရာစွဲသုံး တာမျိုး မဖြစ်ရဘူး။ အစိုးရသည် အစိုးရဖြစ်ရမှာ။ အဲဒီနေရာမှာ အားနည်းချက်က ဟိုလိုလို ဒီလို လိုနဲ့ လုပ်ထားတာရှိတယ်။ နိုင်ငံ တော်ဆိုတဲ့ နေရာမှာ တကယ် တမ်းအရေးရယ်၊ အကြောင်းရယ် ဖြစ်လာတဲ့အခါ နိုင်ငံတော်ဆို တာဘယ်သူမှန်းမသိတော့ဘူး။ လူပုဂ်္ဂိုလ်လည်းမဟုတ်ဘူးဖြစ်နေ တယ်။ ကျွန်တော်က ကာတွန်း ဆရာဖြစ်တော့ သူများမမြင်နိုင် တဲ့ဘက်ကပြောင်းပြန်ကြည့်ထား တဲ့ကိစ်္စဖြစ်တယ်။ ဒီစကားလုံးကို က စိတ်ဝင်စားစရာကောင်း တယ်ဆိုတာကို ပြောချင်ပါတယ်။

အခုကျင်းပနေတဲ့လွှတ်တော် အပေါ် အမြင်သဘောထားရှိရင် ပြောပြပေးပါခင်ဗျာ။

ကျွန်တော်ဥပမာ (၂) ခုပေး ပြီးပြောချင်ပါတယ်။ ပြည်ထောင် စုလွှတ်တော်ဆိုတာက တဖြည်း ဖြည်းနောက်ဆုတ်ပေးရမယ်။ ကျွန်တော်တို့ရွေးကောက်ပွဲမတိုင် ခင်တုန်းက သိထားတာက လွှတ် တော် (၂)မျိုးပဲရှိတယ်လို့သိထား တယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပဲ။ နိုင်ငံရေး လောကထဲရောက်ပြီး ကိုယ်စား လှယ်ဖြစ်လာတော့ပြည်ထောင်စု လွှတ်တော်ကို ရင်ဆိုင်နေရတယ်။ ပြည်ထောင်စုလွှတ်တော်ကိုအမျိုး သားလွှတ်တော်ကနေတင်ပြခဲ့တဲ့ အဆိုတစ်ခုဟာ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတဲ့အခါ ဘယ် တော့မှ မနိုင်ဘူး။ အမျိုးသား လွှတ်တော်ဆိုတာ အင်မတန် နည်းတဲ့လူတွေအတွက် လုပ်ထား တာဖြစ်တယ်။ ကျွန်တော်အမြင် ပြောရရင် အမျိုးသားလွှတ်တော် ကို လုပ်ပိုင်ခွင့် သက်သက်ပေးရ မယ်။ ပြည်သူ့လွှတ်တော်ရဲ့ လုပ် ပိုင်ခွင့်သက်သက်ပေးရမယ်လို့ ပြောချင်ပါတယ်။ အခုကျွန်တော် တို့ လွှတ်တော်ထဲမှာ ဖြစ်နေတာ က ဟိုနေရာမှာ လမ်းပြင်မဲ့ကိစ်္စ၊ ရပ်ကွက်မီးမရတဲ့ကိစ်္စ၊ အဆုံးစွန် ဆုံးကျောင်းအိမ်သာ၊ဈေးအိမ်သာ  ကိစ္စ အဲဒါတွေက လွှတ်တော်ထဲ မှာ ပြောရမှာမဟုတ်ဘူး။ အခု ကျင်းပနေတဲ့ လွှတ်တော်က အဆင့်အတန်းတွေလိုနေသေး တယ်။ လွှတ်တော်ဆိုတာက တကယ့်တိုင်းရေးပြည်ရေးကို ဆွေးနွေးရမဲ့နေရာဖြစ်တယ်ဆိုတာ ကို ကျွန်တော်ပြောချင်ပါတယ်။ အိမ်ကိစ္စ၊ ယာကိစ္စ၊ ကျောင်းကိစ္စ၊ ကျောင်းအိမ်သာဆောက်ဖို့ကိစ္စ။ အဲဒါတွေက တကယ်တမ်းက မြို့ နယ်ဦးစီးမှူး ရပ်ကွက်ဦးစီးမှူးတွေ လုပ်ရမဲ့ကိစ္စတွေဖြစ်တယ်။ လွှတ် တော်ထဲမှာ အဲဒီကိစ္စတွေ တင်ပြ မဲ့အစား ဒီလိုအချိန်ဆွဲပြီး လွှတ် တော်ခေါ်ယူတဲ့ တစ်နေ့ကုန်ကျ စရိတ်အားလုံးနဲ့ အမြန်ဆန်နဲ့ အကျိုးရှိတဲ့ လွှတ်တော်မျိုးဖြစ် သင့်ပါတယ်။

အခုပြည်နယ်နှင့်တိုင်းဒေသ ကြီး လုပ်ပိုင်ခွင့်ဥပဒေတွေ ထွက် ပေါ်လာခဲ့တဲ့ အမြင်သဘော ထားကိုပြောပေးပါခင်ဗျာ။

အဲဒါကတော့ စာထဲမှာပဲရှိ ပါတယ်။ ကျွန်တော်သေချာဖတ် ကြည့်တော့ကျွန်တော်နားမလည် ပါဘူး။ စာထဲမှာရှိလို့ပါ။ လက် တွေ့တစ်ခုမှ မလုပ်လူးဆိုတာ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြော ရဲပါတယ်။       
    

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့