မြန်မာနိုင်ငံမှ မသန်စွမ်းသူများသည် မဲပေးခွင့် ရှိသူများ ဖြစ်သော်လည်း မဲပေးမည့် နေရာများသို့ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်သည့်အတွက် ကြိုတင်မဲပေးခြင်း၊ မဲလုံးဝ မပေးခြင်းတို့ ပြုလုပ်ကြပြီး အများစုက မဲပေးခွင့်ရှိမှန်း မသိကြသည့်အတွက် ဆန္ဒမဲများ နစ်နာသွားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“အခု ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီ” ဟု ဦးနေလင်းစိုးက ဆက်လက်ပြောကြားသည်။ လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲများ၌ မသန်စွမ်းသူများအတွက် ပံ့ပိုးမှုများကို လေ့လာရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က သိရသည်။
“မြန်မာနိုင်ငံမှာ မသန်စွမ်းသူများရဲ့ အင်အားကလည်း နည်းတာ မဟုတ်ပါဘူး။ သူတို့တွေ မဲပေးနိုင်ဖို့အတွက် စီစဉ်ပေးနိုင်ရင် ကောင်းတာပေါ့” ဟု မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းမှ ပြန်ကြားရေးတာဝန်ရှိသူ ဦးခင်မောင်သန်းအေးက The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၃ သန်းနီးပါးရှိပြီး ၎င်းတို့သည် အလုပ်အကိုင် အခွင့်အလမ်း၊ ပညာသင်ကြားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု များတွင် သာမန်လူများထက် သိသိသာသာ ကွာခြားလျက် ရှိကြောင်း ၂၀၁၀ ပြည့်နှစ်က နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူထားသော မသန်စွမ်းသူများ စာရင်းအရ သိရသည်။
ယင်းအပြင် မြန်မာအစိုးရသည် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေး သဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးထားပြီး ပထမဆုံး အစီရင်ခံစာ တင်သွင်းရန် ရေးဆွဲလျက် ရှိသည်။
No comments:
Post a Comment