Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

ကန့်ကွက်ခဲ့သည့် ယူအီးအက်ဖ်အေ

လာမယ့်၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပမှာဖြစ်ပြီး ဆောင်းရာသီမှာ ကျင်းပမယ့် အစီအစဉ်မှာ ယူအီးအက်ဖ်အေက
ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့ဟာ ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့အတွက်  အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးပွဲကို ယူအီးအက်ဖ်အေဥက်္ကဋ္ဌပလာတီနီက သဘောမတူတာကြောင့် တက်ရောက်ခဲ့ခြင်းမရှိသလို လက်ရှိအချိန်မှာလည်း သူတို့ရဲ့ အဖွဲ့အစည်းက နွေရာသီအစား ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့သဘောမတူကြောင်း ထုတ်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပလာတီနီက မိမိတို့အနေနဲ့ အစောပိုင်းကာလကတည်းက ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့ သဘောတူညီမှုမရှိခဲ့သလို ပြိုင်ပွဲကို နဂိုကျင်းပဖို့ စီစဉ်ထား တဲ့အတိုင်း နွေရာသီမှာသာကျင်းပသင့်ပြီး အရာအားလုံးဟာ စည်းမျဉ်းစည်းကမ်းအတိုင်းသာ ဖြစ်သင့်ပါတယ်လို့ ထပ်လောင်းဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နွေရာသီမှာ အပူချိန်လွန်စွာမြင့်မားလွန်းတာကြောင့် ဆောင်းရာသီမှာသာ ကျင်းပဖို့သဘောတူညီထားတာ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့