Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားစာရင်း

  လိဂ်ပြိုင်ပွဲအတွက် တစ်လအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို တစ်လတာအကောင်းဆုံးကစားသမားစာရင်း
ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။
 
အဆိုပါစာရင်းရဲ့ ဂိုးသမားနေရာမှာ လီဗာပူးလ်အသင်းဂိုးသမား မစ်ဂ်နိုလက်က အသင်းဂိုး ပေါက်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ နောက်တန်း ကစားသမားတွေအဖြစ် အဲဗာတန်အသင်းနောက်ခံလူ ကိုးလ်မန်း၊ လီဗာပူးလ်အသင်းနောက်ခံခူ ဒန်နီရယ်အဂ္ဂါ၊ ၀က်စ်ဟမ်းအသင်းနောက်ခံလူ ၀က်စ်တန်ရိတ်ဒ်၊ မန်ယူအသင်းနောက်ခံလူ ပက်ထရစ်အီဗရာတို့က ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
 
ကွင်းလယ်ကစားသမားတွေအဖြစ် ခရစ်တယ်ပဲလေ့စ်အသင်းကွင်းလယ်ကစားသမား မိုင်းလ်ဂျီဒီနက်ဒ်၊ အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေး၊ နယူးကာဆယ်ကွင်းလယ် လူ ဘင်အာဖာ၊ အဲဗာတန်ကွင်းလယ်လူ ဘာကလေတို့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ တိုက်စစ်မှူး များအဖြစ် လီဗာပူးလ်တိုက်စစ်မှူး ဒန်နီရယ်စတာရစ်ခ်ျ၊ စပါးအသင်းမှ ဆီဂတ်ဆင်တို့က ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
 
 
အဆိုပါလူစာရင်း တစ်ကြိမ်မှ ပါဝင်ခဲ့ဖူးခြင်းမရှိတဲ့ အာဆင်နယ်အသင်းကွင်းလယ်ကစား သမားအာရွန်ရမ်ဆေး ပါဝင်တဲ့အပြင် လီဗာပူးလ်အသင်းတိုက်စစ်မှူး စတားရစ်ခ်ျဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံရတဲ့အပြင် အခုလို တစ်လတာအကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့