Come and Get it အဆိုတော်မလေး Selena Gomez ဟာ စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ St.Petersburg နဲ့ Moscow မှာ ကျင်းပမယ့်
ဂီတဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ရပါတယ်။
အခုလို ဖျက်သိမ်းခဲ့တာဟာ ရုရှားနိုင်ငံရဲ့ အသစ်ချမှတ်လိုက်တဲ့ ဥပဒေများကြောင့် ဖြစ်ပါတယ်။ မက်ဒေါနား၊ လေဒီဂါဂါအစရှိတဲ့ အဆိုတော်များ လာရောက်ဖျော်ဖြေစဉ်က လိင်တူချင်းလက်ထပ်ခွင့်မပြုဘဲ ရုရှားနိုင်ငံမှာ လိင်တူချင်းလက်ထပ်မှုဆိုင်ရာ ၀ါဒဖြန့်မှုများပြုလုပ်ခဲ့သလို အမေရိကန် Bloodhoung Gang အဖွဲ့က အဆိုတော်တစ်ဦးကလည်း ဂီတဖျော်ဖြေပွဲမှာ ရုရှားနိုင်ငံအလံကို ဘောင်းဘီထဲ သိပ်ထည့်ပြီး ဖျော်ဖြေမှုများပြုလုပ်ခဲ့တာကြောင့် နိုင်ငံခြားသား အနုပညာရှင်၊ အဆိုတော်များကို အလွယ်တကူ ပြည်ဝင်ခွင့်ထုတ်မပေးခဲ့တာဖြစ်ပါတယ်။
အချိန်မီ ဗီဇာရရှိဖို့မလွယ်တဲ့အတွက် Selena Gomez ဟာ ခရီးစဉ်ဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်။

No comments:
Post a Comment