Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

ရီးရဲလ်အပန်းဖြေစခန်းစီမံကိန်း ပျက်ပြယ်သွားပြီဖြစ်

  ရီးရဲလ်မက်ဒရစ်အသင်းက ယူအေအီးနိုင်ငံမှာ တည်ဆောက်ဖို့စီစဉ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံတန် အပန်းဖြေစခန်းစီမံကိန်းဟာ ယခုအချိန်မှာ
ပျက်ပြယ်သွားပြီလို့ သိရပါတယ်။
 
အဆိုပါ အပန်းဖြေစခန်းဟာ ဟက်တာ ၅၀ အကျယ်အ၀န်းရှိမှာဖြစ်ပြီး ဟိုတယ်၊ ရွက်လှေကလပ်၊ ပြဇာတ်ရုံ နဲ့ ကစားကွင်းတွေ ပါဝင်မှာဖြစ်ပြီး ယူအေအီးနိုင်ငံပိုင် မာဂျန်ကျွန်းဆွယ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
 
ဒါပေမယ့် ယခုအချိန်မှာတော့ အဲ့ဒီစီမံချက်ဟာ ယူအေအီးနိုင်ငံ တာဝန်ရှိသူတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာညှိုနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် ပျက်ပြယ်သွားခဲ့တာဖြစ်ပြီး ကာတာနိုင်ငံ ဒူဘိုင်းမြို့ကို ပြောင်းရွှေ့တည်ဆောက်ဖွယ်ရှိတယ်လို့ ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီးရက်ဇ် က ပြောကြားခဲ့ပါတယ်။
 
ရီးရဲလ်အသင်းဟာ အဆိုပါစီမံကိန်းကို ၂၀၁၂ ခုနှစ် မတ်လကစတင်ခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်မယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့