ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဟာ ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ ရီးရဲလ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့
ဖရန်စစ် ပွက်ရှ်ကပ် ရဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ဖို့အတွက် နီးစပ်နေပြီဖြစ်ပါတယ်။
ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ဂါလာတာစာရေးအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါ တယ်။ အဆိုပါ ဟက်ထရစ်ဂိုးကြောင့် ရော်နယ်ဒို ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၂၀၄ ပွဲမှာ ၂၀၄ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ကစားမားတစ်ဦးဖြစ်လာခဲ့တဲ့အပြင် သူရဲ့ကစားသမား ဘ၀တစ်လျှောက် ၂၁ ကြိမ်မြောက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုလိုအသင်း အတွက် အဘက်ဘက်မှ အောင်မြင်မှုများစွာရရှိအောင် စွမ်းဆောင်ပေးနေတဲ့ ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာလည်း အသင်းရဲ့ ဂန္တ၀င်ကစားသမားဟောင်းကြီး ပွက်ရှ်ကပ် ရဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို လိုက်မီနေပြီဖြစ်ပြီး နောက်ထပ် ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါက ပွက်ရှ်ကပ် ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
ပွက်ရှ်ကပ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၁၉၅၈-၁၉၆၆ ခုနှစ် အထိ ကစားခဲ့တာဖြစ်ပြီး အသင်းအတွက် ၂၀၄ ပွဲမှာ ၂၀၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ရော်နယ်ဒို ဟာ ၂၀၄ ဂိုးအထိသွင်းယူထား နိုင်ထားကာ နောက်ထပ် ၂ ဂိုးသွင်းယူနိုင်ခဲ့ပါက ပွက်ရှ်ကပ် ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ် တယ်လို့ သိရပါတယ်။
No comments:
Post a Comment