Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

မြွေများစွာ တရားမ၀င်ဖမ်းယူသိမ်းဆည်းထားသည့် သစ်တောထိန်းသိမ်းရေး အရာရှိ

  အမေရိကန် နယူးယော့ခ်မှာရှိတဲ့ Brookhaven ဘရွတ်ဟဲဗင်း နယ်လေးမှာ တိရစ္ဆာန် ထိန်းသိမ်းရေး အရာရှိတစ်ယောက်ဟာ အရှည် ၆ ပေရှိတဲ့ ဗမာစပါးအုံမြွေကြီး 
၂ ကောင်အပါအ၀င် မြွေပေါင်း ၈၅၀ ကျော်ကို တရားမ၀င်ရောင်းဝယ်ဖောက်ကားဖို့အတွက် သိုလှောင်ထားရှိခဲ့တယ်လို့ သိရပါတယ်။
 
 ၁၉၈၈ ခုနှစ်ကစပြီး တိရိစ္ဆာန်ထိန်းသိမ်းရေးအရာရှိအဖြစ်လုပ်ဆောင်ခဲ့တဲ့ ပဲရီနယ်လို ဟာ မြွေ၊ လိပ်များနဲ့ လိပ်ဥများကို တရားမ၀င်ဖမ်းဆီးသိုလှောင်ထားခြင်းကြောင့် နယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။ သူဖမ်းဆီး ထားခဲ့တဲ့ မြွေများထဲက ဗမာစပါးအုံးမြွေ ၂ ကောင်ကိုတော့ မာဆာချူးဆက်ပြည်နယ် တောရိုင်း တိရစ်္ဆာန်ဘေးမဲ့တောသို့  ပို့ဆောင်ပေးမှာဖြစ်ပြီး ကျန်ရှိနေတဲ့မြွေများကိုတော့ ဘယ်လိုဆက်လက် စီမံသွားမယ်ဆိုတာ မသေချာသေးကြောင်း သတင်းရရှိပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့