Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

မားစ်ဂြိုဟ်တွင် သက်ရှိနေထိုင်နိုင်ခြေနည်းပါး

  နာဆာမှ အာကာသတွင်း တိုင်းတာကိရိယာအသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာချက်တစ်ခုအရ အနီရောင်မားစ်ဂြိုဟ်ပေါ်မှာ သက်ရှိ ရှိနိုင်ခြေအလွန်နည်းပါးတယ်လို့ သိရပါတယ်။
အဆိုပါ သတင်းကိုတော့ အမေရိကန်ပြည်ထောင်စု အာကာသအေဂျင်စီမှ လေ့လာပြုစုရေးအဖွဲ့တစ်ဖွဲ့က အွန်လိုင်းသိပ္ပံဂျာနယ်တစ်စောင်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပြီး သူတို့ဟာ မားစ်ဂြိုလ်ကို စမ်းသပ် ကိရိယာစေလွှတ်ပြီး စမ်းသပ်ခဲ့တဲ့ ၆ ကြိမ်လုံး မီသိန်းဓာတ်ငွေ့ရှိကြောင်း ဘယ်အထောက်အထားမှ မတွေ့ခဲ့ရကြောင်းရေးသားထားပါတယ်။
 
မီသိန်းဓာတ်ငွေ့ကတော့ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ် အပါအ၀င် သက်ရှိနေထိုင်ကြောင်းသိနိုင်တဲ့အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။ ယခင်ကတော့သိပ္ပံပညာရှင် တစ်ချို့ဟာ ကမ္ဘာမြေအခြေစိုက် အထူးတယ်လီစကုပ်တွေအသုံးပြုကြည့်ရှုကာ မားစ်ဂြိုလ်မှာ မီသိန်းဓာတ်ငွေ့အမြောက်အမြားတွေ့ရကြောင်း ပြောခဲ့တာဖြစ်ပြီး ယခုအစီရင်ခံထားတဲ့ နောက်ဆုံး အစီရင်ခံစာကလည်း အတိတ်ကာလမှာ ဆက်လက်ပြီး မားစ်ဂြိုလ်မှာ အတိတ်ကသက်ရှိနေထိုင်ခဲ့ ခြင်း ရှိမရှိကို ဆက်လက်စုံစမ်းသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့