Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ကော့သောင်းတွင် အကျဉ်းထောင်ကိစ္စ လူ့အခွင့်ရေး ကော်မရှင်နှင့် လူထုတွေ့ဆုံ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် အဖွဲ့ ကော့သောင်း ပြည်သူလူထုများ မီဒီယာများ နှင့် တွေ့ဆုံ။ စက်တင်ဘာလ ၂၃ ရက်နံနက် (၁၀ ) နာရီ က ကော့သောင်းမြို့ မဉ္ဖူသကခန်းမ တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင် အဖွဲ့ က မြို့ ခံ ပြည်သူလူထုနှင့် မီဒီယာများကို တွေ့ ဆုံခဲ့ပါတယ်။  

အဆိုပါတွေ့ဆုံပွဲ တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် အဖွဲ့အတွင်းရေးမှူး ဦးစစ်မြိုင် ၊ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါက်တာဥာဏ်ဇော် နှင့် ဦးခွထီးယိုး တို့ သုံးဦး ပါဝင်ပါတယ်။

အဓိ က ကတော့ ဒီအဖွဲ့ ဟာ အခုတလော ဒေသ  ခံ တွေစိတ်ဝင်စားနေတဲ့  ကော့သောင်း  အကျဉ်းထောင်ကိစ္စ နဲ့ပတ်သက်ပီးလွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက လာစစ်ဆေးကြ တယ်လို့ သိရပါတယ်။

ဒီနေ့ တော့ ပြည်သူတွေ မီဒီယာတွေနဲ့ တွေ့ ကြမယ်ဆိုတော့ ဘာတွေများ  ပြောလဲ ဆိုတာ
ဖိတ်ကြားတာနဲ့ သွားနားထောင်တယ်။ တွေ့ဆုံပွဲ မှာ  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင် အဖွဲ့အတွင်းရေးမှူး ဦးစစ်မြိုင် ကတော့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင် အဖွဲ့ သမိုင်းကြောင်း နဲ့ ရည်ရွယ်ချက်တွေ ကိုပြောပါတယ်။ နောက်ေ ဒါက်တာဥာဏ်ဇော် ကတော့ ကော်မရှင် ကို လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်လို့တိုင်တန်း ချင်ရင် ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်း တွေကို ချပြတယ်။ နောက် ဦးခွထီးယိုး ကတော့   ကမ္ဘာ့ လူ့အခွင့်အရေး ကြေငြာစာတမ်းသမိုင်း ကြောင်း  ကိုရှင်းပြတယ်။

တက်ရောက်လာတဲ့ အဖွဲ့ တွေ ကို မေးမြန်းခွင့် ပေးကြတော့  ကော့သောင်း အကျဉ်းထောင်ကိစ္စ တစ်လျှောက်လုံး တက်ကြွလှုပ်ရှား ခဲ့တဲ့ နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က အခု အခမ်းအနားမှာ ငြိမ်ချက်သား ကောင်းနေပါတယ်။

ကော့သောင်း (၈၈) အဖွဲ့နှင့် ကော့သောင်း NLD အဖွဲ့က   ကော့သောင်းအကျဉ်းထောင် ကိစ္စ ဘယ် လို ဆောင်ရွက်ကိုင်တွယ် နေသလဲ ဆိုတာကို မေးကြပါတယ်။

တခြား အဖွဲ့တွေ ကတော့  မဆီမဆိုင် လမ်း ကိစ္စ ၊ရေကိစ္စ ၊မီးကစ္စ၊မှတ်ပုံတင်ကိစ္စ တွေ မေးကြတော့ ပေရှည်ကုန်တယ်။

ကော့သောင်း အကျဉ်းထောင်ကိစ္စ ကို ဦးစစ်မြိုင် တို့ အဖွဲ့ ပြန်ဖြေတာ ကတော့  မိမိတို့ အဖွဲ့အနေ နဲ့ အကျဉ်းထောင် တာဝန်ရှိသူတွေ ကိုရော ၊ ထောင်ထဲရှိ အကျဉ်းသားတချို့ နဲ့ရော၊ဆေးရုံတက်နေတဲ့ အကျဉ်းသားတွေ့နဲ့ မိသားစုတွေ ပါ ထောင်ပြောင်းခံရတဲ့ အကျဉ်းသားမိသားစုတွေ ကိုပါ တွေ့ဆုံပြီး လိုအပ် တဲ့ မေးမြန်း စုံစမ်းမှု များ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ၊ ဆက်လက်ပြီး ထောင်ပြောင်းခံရတဲ့ အကျဉ်းသားများ ရှိရာ ထောင် များ အထိ လိုက်လံ မေးမြန်းစုံစမ်းရန် အစီအစဉ်ရှိကြောင်း ၊ ဖြစ်စဉ်အားလုံး အပေါ် လေ့လာတွေ့ရှိချက်တွေ အားလုံး ကို အမှန် အတိုင်း ဗဟို ကော်မရှင် သို့တင်ပြအစီရင်ခံပြီးမှ  သာ စီစစ်ဆုံးဖြတ် ပြီး သတင်းထုတ်ပြန် ပေးမှာဖြစ်ကြောင်း ၊ ယခု ချက်ခြင်း ထုတ်ဖေါ်ပြောဆို ရန် ချိန်ယူရ ဦးမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ အကျဉ်းထောင်ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း များ၊ တည်ဆဲဥပဒေများ နှင့် အညီ ကော်မရှင် အနေဖြင့် ဖြစ်စဉ် အပေါ် အမှန် အမှန် အတိုင်း ဘက်လိုက်မှု လုံးဝ မရှိဘဲ ကိုင်တွယ် သွားမည်ဖြစ်ကြောင်း ပြောကြားပါတယ်။

ကော့သောင်း ဒေသခံ တွေ ကတော့ အကျဉ်းထောင်ဖြစ်စဉ် ဟာ အစိုးရ မီဒီယာတွေမှာ ဖေါ်ပြထားမှု နှင့် ပြင်ပသတင်း ကြားသိရမှု ကွာဟချက် ကို သိချင် နေကြခြင်းဖြစ် ပြီး အဖြစ်အမှန် ကို သိရပြီး လူ့အခွင့်အရေး ကို အမှန်တကယ်ချိုးဖေါက် ခဲ့ရင် တာဝန်ရှိသူ ကိုဖေါ်ထုတ် အရေးယူမှု ပြုစေချင်ကြောင်း ကို တက်ကြွ လှုပ်ရှား ခဲ့တဲ့ နိုင်ငံရေးပါတီတစ်ခု မှ ပြောဆိုသံကြားရပါတယ်။

ထောင်တွင်းဆူပူမှု ဖြစ်အပြီး အကျဉ်းသားများတွင် ပြင်ပနှင့် ဆက်သွယ်ပြောဆို နိုင်သည့် ထိုင်းနိုင်ငံသုံး GSM  မိုဘိုင်းဖုန်း အလုံး (၆၀) ကျော်ခန့် ၊ဒါးမြောင် ၊ စကေဘာ လက်နက်များ၊ သိမ်းဆည်းရမိခြင်း မူးယစ်ဆေးဝါး ၊ချဲထီ ရောင်းဝယ်ခြင်း ကိစ္စ များအထိ ထောင်အတွင်း တွင် လုပ်ဆောင်နိုင်ကြခြင်း များရှိခဲ့ကြောင်း ထောင်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ ပြောဆိုသံကြားရပါသည်။     ကော့သောင်းအကျဉ်းထောင် ဟာ အရင် တုန်း က ၀န်ထမ်းပိုင်း ရော အကျဉ်းသားအပါအ၀င်မိသားစု  အပိုင်း ပါ  စည်းကမ်း လိုက်နာမှု  အပိုင်း အားနည်း  ခြင်းတို့ကြောင့် ယခု ထောင်ပိုင် ဦးစောရက်ချတ်(စ်) တာဝန်ထမ်းဆောင်စဉ် ကာလ တွင် စည်းကမ်းပိုင်းတင်းကြပ် ကိုင်တွယ်မှုကြောင့် ထောင်သားများ မကြေနပ် ၍ စတင်ပေါက်ကွဲ ကြရာမှ ယခုကဲ့သို့ ကျယ်ပြန့် သွား ခြင်းဖြစ်ကြောင်း ကိုလည်း  ပိုင်းခြားဝေဖန်သူတစ်ချို့က ထောက်ပြ ကြပါတယ်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့