Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

Financal Institution Law အသစ်ပြန်လည် ရေးဆွဲလျက်ရှိ



ပြည်တွင်းမှာ နိုင်ငံခြားဘဏ်များ ၀င်ရောက်ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့အတွက် Financal Institution Law ကို အသစ်ပြန်လည် ရေးဆွဲလျက်ရှိတယ်လို့
စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မီဒီယာများနဲ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါ Financal Institution Law  ကိုတော့  မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အစည်း IMF တို့နဲ့ ပူးပေါင်းပြီး ရေးဆွဲနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဥပဒေရေးဆွဲပြီးမှသာ နိုင်ငံခြားဘဏ်များ ပြည်တွင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရောက်ခွင့်ပြုမယ်ဆိုတာကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် Financal Institution Law  ကို လွှတ်တော်သို့ အမြန်ဆုံးတင်သွင်းနိုင်ဖို့ ရေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းတွေမှာ  နိုင်ငံခြားဘဏ်များကို  ကိုယ်စားလှယ် ရုံးခွဲများကိုသာဖွင့်လှစ်ခွင့် ပြုထားတာဖြစ်ပြီး အခြားဘဏ်လုပ်ငန်းဆိုင်ရာတွေကိုတော့လုပ်ကိုင်ခွင့် မပြုသေးတာဖြစ်ပါတယ်။ ယခုလက်ရှိ ပြည်တွင်းမှာနိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးခွဲး စုစုပေါင်း ၃၀ ကျော် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့