ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက်္ကသိုလ်၊ ရေကြောင်းလျှပ်စစ်နဲ့ အီလက်ထရောနစ် အင်ဂျင်နီယာဌာနကို သင်ကြားရေးအထောက်အကူပြု ဓါတ်ခွဲခန်းပစ္စည်းများဖြစ်တဲ့ Control and Automation Systems Components (၁၅)စုံကို Peace Myanmar Electric Co.Ltd မှ လှူဒါန်းခဲ့ပါ တယ်။ အဆိုပါ လှူဒါန်းမှုကိုတော့ စက်တင်ဘာလ(၂၁)ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လှူဒါန်းရခြင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦး ဒေါ်ရီမြင့်သီ (မန်နေဂျာ) Peace Myanmar Electric Co.Ltd ကယခုလို လှူဒါန်းတဲ့ ဓါတ်ခွဲခန်းသုံး ပစ္စည်းများဟာ ရေကြောင်းလျှပ်စစ်နဲ့ အီလက်ထရောနစ် အင်ဂျင်နီယာကျောင်းသား၊ ကျောင်းသူများအတွက်သာမကပဲ ရေကြောင်းအင်ဂျင်နီယာ၊ ရေယာဉ် ဗိသုကာ၊ ဆိပ်ကမ်းအင်ဂျင်နီယာ၊ မြစ်ချောင်းနဲ့ ကမ်းရိုးတန်းအင်ဂျင်နီယာစတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် လေ့ကျင့်ရေးမှာပါ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်ဟာ (၂၀၀၂)ခုနှစ်မှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံခြားသင်္ဘောကုမ္ပဏီများနဲ့ ဆက်သွယ်ပြီး ဆရာ၊ ဆရာမများကို အဆင့်မြင့်ပညာများလေ့လာနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင် ရရှိရေးကို ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အဆိုပါ တက္ကသိုလ်မှာ အရည်အချင်းပြည့်မီတဲ့ စွမ်းရည့်ပြည့်ပညာရှင်များ ပိုမိုမွေးထုတ်နိုင်ရေးအတွက် သီအိုရီပိုင်း သင်ကြားရေးကိုသာမက လက်တွေ့ပိုင်းမှာပါ လေ့ကျင့်သင်ကြားပေးနိုင်ဖို့အတွက် လိုအပ်တာဖြစ်ပြီး ယခုလှူဒါန်းတဲ့ပစ္စည်းတွေဟာ လက်တွေ့လေ့လာသင်ကြားရေးမှာ အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment