Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

စာရေးသူမှ စာဖတ်သူသို့ဟောပြောပွဲ MMDC တွင် ပြုလုပ်ခဲ့

  ရန်ကုန်မြို့ Junction Square ရှိ Myanmar Media Development Center (MMDC) မှာ စက်တင်ဘာလ၂၁ ရက်နေ့က စာရေးသူမှစာဖတ်သူသို့ခေါင်းစဉ်နဲ့
ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
 
အဆိုပါ ဟောပြောပွဲမှာတော့ စာရေးဆရာနွမ်ဂျာသိုင်းမှ ဟောပြောပေးခဲ့တာဖြစ်ပြီး စာရေးခြင်းနဲ့ စာဖတ်ခြင်းဆိုင်ရာများကို ဟောပြောဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဟောပြောရာမှာ တော့ မီဒီယာလောကကိုအခြေခံကာ စာအုပ်စာပေဖတ်ရှုခြင်းနဲ့ ပတ်သက်ပြီး ဟောပြောတာ ဖြစ်ပါတယ်။
 
 မီဒီယာလောကမှာ စာပေဟာအခြေခံဖြစ်ပြီး ၊ စာအုပ်စာပေတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဖတ်ရှုနိုင်ပါက မီဒီယာလောကမှာ အရာအားလုံးနဲ့ ဆက်စပ်လို့ရကြောင်းလည်း အဆိုပါပွဲမှာ ဟောပြောခဲ့ပါတယ်။ ဒါ့အပြင် စာပေဟာဘ၀ကိုအဓိက ထောက်ပံ့ပေးတဲ့ ကုန်ကြမ်း တစ်ခုဖြစ်ပြီး စာပေရေးသားတဲ့နည်းစနစ်ကို သိရှိလိုပါကလည်း မိမိနှစ်သက်မြတ်နိုးတဲ့ စာရေးဆရာရဲ့စာအုပ်များကို အသေးစိတ်ဖတ်ရှုကာ စာပေရေးသားနည်းကို သင်ယူရ၍ရကြောင်းကိုလည်း ဟောပြောပေးခဲ့တာ ဖြစ်ပါတယ်။
 
 
အခုလို ဟောပြောပေးခဲ့တဲ့ စာရေးဆရာနွမ်ဂျာသိုင်းအနေနဲ့ လက်ရှိအချိန်ထိ လုံးချင်း ၀တ္ထုရှည်ပေါင်း ၉၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ပြီး ၀တ္ထုအချို့ကို ရုပ်ရှင်၊ ဗီဒီယိုနဲ့ ပြဇာတ်များ အနေနဲ့လည်း ရိုက်ကူးတင်ဆက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလိုပွဲတွေကို Myanmar Media Development Center အနေနဲ့ လစဉ်ပြုလုပ်ပေးနေတာဖြစ်သလို အခုဟောပြောပွဲ အပါအ၀င် သက်ဆိုင်ရာနယ်ပယ်အလိုက် ဟောပြောပွဲပေါင်း ၁၆ ကြိမ်အထိ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့