စက်တင်ဘာလ(၂၁)ရက်နေ့ဟာ International Peace Day "နိုင်ငံတကာငြိမ်းချမ်းရေးနေ့" ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးနဲ့အညီအဆိုပါ အထိမ်းအမှတ်နေ့ကို ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်ထဲမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုကျင်းပမှုကိုတော့ ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများအဖွဲ့က ကြီးမှူးပြီး ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာတော့ ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် အဆိုပါအဖွဲ့မှ ကြီးမှူးပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ ပြည်သူ့ဥယျာဉ်အထိ လမ်းလျှောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူ့ဥယျာဉ်အတွင်းမှာလည်း အိုးစည်ဒိုးပတ်အက၊ ကဗျာဆရာ များ သမဂ်္ဂအဖွဲ့နှင့် ကဗျာချစ်သူများအသင်း၊ တေးသီချင်းအဆိုအကအဖွဲ့တွေနဲ့ Life Gravity ရေးဆွဲတဲ့အဖွဲ့တွေ ပါဝင်ပြီး အဆိုပါအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း တာဝန်ရှိသူ တစ်ဦး ကိုသက်(Organizer) ငြိမ်းချမ်းရေး လိုလားသူပြည်သူများအဖွဲ့က ပြောပြပေးခဲ့ပါတယ်။ အခုလို နိုင်ငံတကာငြိမ်းချမ်းရေးနေ့ International Peace Day ကို ရန်ကုန်မြို့အပြင်၊ မန်္တလေး၊ မော်လမြိုင်နဲ့ တောင်ကြီးစတဲ့မြို့တွေမှာပါ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

No comments:
Post a Comment