Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 22 September 2013

အောက်တိုဘာလတွင် ကျင်းပပြုလုပ်သွားမည့်အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်

လာမယ့်အောက်တိုဘာလမှာ အနဂ္ဃရောင်စဉ်မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ကို ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၁)ရက်နေ့က ရန်ကုန်မြို့ရှိ Central Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲမှာတော့ မသန်စွမ်းတဲ့သူတွေဟာ သန်စွမ်းတဲ့ လူကောင်းတွေလိုပဲ ကမ္ဘာအတွက်၊ နိုင်ငံအတွက် အကျိုးပြုနိုင်တယ်ဆိုတာကိုလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ အရင်တုန်းက မင်္ဂလာအခမ်းအနားတွေမှာ မသန်စွမ်းသူတွေကို တက်ရောက် ခွင့်မပြုခဲ့ပေမယ့် ယခုအခါမှာတော့ သန်စွမ်းတဲ့ လူကောင်းတွေလို ဘယ်အခမ်းအနားမဆို တက်ရောက်ခွင့်ရရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျင်းပပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်ကတော့ အနုပညာဆိုင်ရာ လုပ်ဆောင်မှုများမှ တစ်ဆင့်မသန်စွမ်း သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတို့ကို ပြည်သူလူထုအများသိမြင်လာစေရန်၊ မသန်စွမ်းသူများဟာ အနုပညာနယ်ပယ်မှာ ပိုမိုပါဝင်နိုင်ခြင်းနဲ့ ၎င်းင်းတို့ရဲ့ စွမ်းရည်များကို မြှင့်တင်ပေးရန် အစရှိတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ အခုလို အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများက အနုပညာပွဲတော်ကို အနုပညာကဏ္ဍ(၁၃)မျိုးန့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို လာမယ့်အောက် တိုဘာလ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၃)ရက်တိုင် MCC ခန်းမမှာ ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့