ပုဂ္ဂလိကအာမခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Global World Insurance ကုမ္ပဏီဖွင့်ပွဲကို စက်တင်ဘာ လ(၂၁)ရက်နေ့က သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ အဆိုပါကုမ္ပဏီရုံးချုပ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါကုမ္ပဏီမှ မီးနှင့် အထွေထွေအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ အသက်အာမခံ စတဲ့ အာမခံများကို ပြည်သူလူထုအတွက် မြန်မာကျပ်ငွေနဲ့သာ လက်ခံဆောင်ရွက်ပေးနေတယ် လို့ သိရပါတယ်။ ဒီလိုအာမခံထားရှိမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးစိုးဝင်းသန့် (Genreral Manager)က Global World Insurance ကုမ္ပဏီကို ဖွင့်လှစ်တာဟာ မြန်မာနိုင်ငံရဲ့ စက်မှုလက်မှုနဲ့ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုကို မြင့်မားစေရန်၊ အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းများကို အရှိန်အဟုန်မြှင့် တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန် ပျက်စီးဆုံးရှုံးမှုများ၊ လျော့နည်းစေရန် နဲ့ ဘေးအန္တရာယ်ထိန်းချုပ်မှုကို ပိုမိုတိုးမြှင့်ရန်အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကုမ္ပဏီအာမခံဖွင့်ပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းနဲ့ သက်ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

No comments:
Post a Comment