Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 30 July 2012

ရန်ကုန်မြို့တွင်းရှိ စက်ရုံသုံး မီတာများကို Analog မှ Digital သို့ ပြောင်းလဲ တပ်ဆင်



ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ မြို့တွင်းရှိ စက်ရုံသုံး မီတာများကို Analog မှ Digital မီတာ ပြောင်းလဲကာ တပ်ဆင်ပေး လျက်ရှိတယ်လို့
သိရပါတယ်။ အခုလို တပ်ဆင် ပေးရတာ ကတော့ စက်မှုဇုန်ရှိ CT Meter များဟာ Analog မီတာများ ဖြစ်ပြီး CT Coil များနဲ့ တပ်ဆင်ပြီး သံပုံးများနဲ့ အသုံးပြုခဲ့တာ ဖြစ်တဲ့ အတွက် အတွင်းမှာရှိတဲ့ Connection ကို မမြင်ရဘဲ မသမာမှုများ ပြုလုပ်နိုင်တာ ဖြစ်တဲ့အတွက် unit losses များ ဖြစ်ပေါ် မှုတွေရှိ ခဲ့တယ်လို့ သိရပါတယ်။

အခုလို unit losses အနေနဲ့ တစ်လမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ခရိုင် ၄ ခရိုင်မှာ ပေးပို့တဲ့ ဓာတ်အားရဲ့ ၁၈ ရာခိုင်နှုန်းခန့် ပျောက်ဆုံး လျက်ရှိတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့မှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။ unit losses ပျောက်ဆုံးရာမှာ Technical Losses နဲ့ Non Technical Losses ဆိုပြီး အပိုင်း ၂ ပိုင်းရှိရာ ယခု လဲလှယ် တပ်ဆင်မယ့် Digital Meter ဟာ အပိုင်း ၂ ပိုင်းလုံးနဲ့ အကျုံးဝင် တယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် ဒီဂျစ်တယ် မီတာများကို Hand Held unit နဲ့ ၁၀၀ မီတာ အကွာမှ ဖတ်ရှုနိုင်ပြီး တစ်နာရီကို မီတာအလုံး ၆၀၀ အထိ ဖတ်ရှုနိုင်တယ် လို့လည်း သိရှိရပါတယ်။

နည်းပညာပိုင်း အနေနဲ့ ကိုရီးယား ကုမ္ပဏီဖြစ်တဲ့ Kepidမှ အကူအညီ ရရှိထားတာ ဖြစ်တယ် လို့လည်း သိရပါတယ်။ လက်ရှိ ရန်ကုန်မြို့တွင်းမှာ လုပ်ငန်းသုံးနဲ့ စက်ရုံသုံး တွေကို အဓိကထား တပ်ဆင်ပေး သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အိမ်သုံးမီတာ တွေကိုပါ ပြောင်းလဲ တပ်ဆင်ပေး နိုင်အောင် ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အခုလို အိမ်သုံး မီတာတွေကို ပြောင်းလဲ တပ်ဆင်ရာ မှာလည်း မီးအ၀င်အထွက မမှန်တဲ့ နေရာတွေမှာ အဓိကထား တပ်ဆင်သွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့