Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 July 2012

မြန်မာ-ဗီယက်နမ် စီးပွားရေးတွေ့ဆုံမှုတွင် စားသောက်ကုန်လုပ်ငန်းများ အများဆုံးပါဝင်


စားသောက်ကုန်လုပ်ငန်းတွေ အများဆုံးပါဝင်တဲ့ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၂ ဦးခန့် ပါဝင်တဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ဟာ
ဇူလိုင်လ ၂၇ ရက်နေ့က UMFCCI မှာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဗီယက်နမ်နိုင်ငံ Dong Nai Province Department of Industry and Trade အဖွဲ့ကဦးဆောင် တာဖြစ်ပါတယ်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ဟာ စားသောက်ကုန် လုပ်ငန်းတွေသာမက သတ္ထုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊

ဓါတုဗေ ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွေကိုပါ စီးပွားရေးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများလုပ်ငန်း၊ ရော်ဘာလုပ်ငန်း၊ စက်ဘီးနဲ့ အပိုပစ္စည်းများ၊ လေဖိအားသုံး စက်ကိရိယာများ၊ ကလေးစီး ဖိနပ်လုပ်ငန်း၊ ဆေးနဲ့ဆေးပစ္စည်း ကိရိယာများ၊ ဆပ်ပြာ မှုန့်နဲ့ ချေးချွတ်မှန်ပစ္စည်းများ၊ ပလတ်စတစ် ပစ္စည်းများ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများ၊ ကြွေထည်မြေထည် ပစ္စည်းလုပ်ငန်းများ စတာတွေမှာလည်း အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဒီလိုကျင်းပ ပြုလုပ်ခဲ့တဲ့ မြန်မာ-ဗီယက်နမ် စီးပွားရေးတွေ့ဆုံပွဲကို ဗီယက်နမ် လုပ်ငန်းရှင်တွေ သာမက ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင် ၅၀ ကျော် တက်ရောက်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့