Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

ငမိုးရိပ်တံတား ပါရမီကို သြဂုတ်လကုန် ပိုင်းတွင် ဖွင့်လှစ် သွားမည်

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ပထမဆုံး တာဝန်ယူ တည်ဆောက်တဲ့ ငမိုးရိပ် တံတား ပါရမီကို လာမယ့် သြဂုတ်လကုန် ပိုင်းမှာ ဖွင့်လှစ်
သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ငမိုးရိပ် တံတား ပါရမီ အသစ် တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က စတင် ခဲ့တာဖြစ်ပြီး လက်ရှိ မှာတော့  တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ငမိုးရိပ် ပါရမီ တံတား သစ်ကြီးကို တည်ဆောက် ရခြင်းမှာ လက်ရှိ အသုံးပြုနေတဲ့ တံတား အဟောင်းမှာ ယာဉ်သွား လမ်းအသွား တစ်လမ်၊ အပြန် တစ်လမ်း စုစုပေါင်း နှစ်လမ်းသာ ရှိတဲ့အတွက် တံတား အဟောင်းကို နေ့စဉ်သွားလာ အသုံးပြုနေတဲ့ ခရီးသွား ပြည်သူများဟာ တံတားပေါ်မှာ ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပြီး အချိန် ကြန့်ကြာမှု ပြဿနာကို နေ့စဉ်ကြုံတွေ့ နေရတဲ့ အတွက် အခုလို တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ငမိုးရိပ် တံတား ပါရမီဟာ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်း ခရိုင် တောင်ဥက္ကလာပ မြို့နယ်နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ကြား ငမိုးရိပ်ချောင်း ပေါ်မှာ တည်ရှိပြီး မူလတံတား အဟောင်းနဲ့ ပေ ၃၀ အကွာမှာ အသစ် တည်ဆောက် ထားတာ ဖြစ်ပါတယ်။

အခုလို ငမိုးရိပ် ပါရမီ တံတား အသစ်ကြီးကို ဒဂုံမြို့နယ် မြောက်ပိုင်း မြို့နယ် ကနေ ရန်ကုန်မြို့ အတွင်း လာရောက်မယ့် ယာဉ်များ အသုံးပြုရမှာ ဖြစ်ပြီး တံတား အဟောင်း ကိုတော့ ရန်ကုန်မြို့ ထဲကနေ ဒဂုံမြို့သစ် မြောက်ပိုင်း ကိုသွားမယ့် ယာဉ်များ အသုံးပြုရမှာ ဖြစ်ပါတယ်။ ငမိုးရိပ် တံတား အသစ် တည်ဆောက် ပြီးစီးကာ အသုံးပြုခွင့် ရလာတဲ့ အခါမှာတော့ အသွား ၂ လမ်း၊ အပြန် ၂ လမ်း စုစုပေါင်း ယာဉ်သွားလမ်း ၄ လမ်းကို အသုံးပြုနိုင်မှာ ဖြစ်တဲ့ အတွက် ယာဉ်သွားလာမှု အဆင်ပြေ ချောမွေ့ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့