♪♪♪တွယ်ရာမဲ့လမ်းကစောင့်နေမယ်♪♪♪
လှမ်းရင်း.....လျှောက်ရင်း
လျှောက်ရင်း.............လှမ်းရင်း
ကမ်းက ဘယ်မှာလဲ..လမ်းလဲ မမြင်ပါလား...
♥
ရောက်တဲ့အရပ်မှာ ပျော်အောင်နေတဲ့...
နေပျော်အောင်...အစီမံပြုထား ခဲ့
နှလုံးသားအတု...နဲ့...ရယ်သံမဲ့အပြုံးတွေ
အသက်မပါတဲ့...စောင်းခတ်သံ ဆူညံ...လို့ 
ခန်းနားလှတဲ့ အဆောင်ယောင်ကြား မှာ
နေသားကျအောင်...လှလှပပလေး စီရင်ထားတော့....
စိတ်ပျက်ပျက်နဲ့...လက်ခုတ်တီးနေမိတယ်...
♥
ပြဒါးမဲ့မှန်မှာ မြင်နေမိအရိပ်...တစ်ခု
နှုတ်ခမ်းပေါ်က အပြုံးတ၀က် အမဲ့တချက်...
အနက်ရောင်ဝတ်စုံ နဲ့... ငါ
ဆံနွယ်...တ၀က် ဖုံးကာချ
မာယာများတဲ့...ဗီလိန်မ အလား...ပေါ့
♥
တရားခံဟာ ဘယ်သူလဲ
နူးညံပျော့ပျောင်းတဲ့..အဖြူရောင်သစ္စာတွေ
သွေးစိမ်းရှင်ရှင်..ထွက်အောင်..ရက်ရက်စက်စက်
မုသားလက်နက် ရဲ့ ထိုးနှက်ချက်က...
သွေးပျက်မတတ် ခံစားခဲ့ရ
ယုံကြည်မှု့တွေ..အပြည့်အ၀နှင်းအပ်ခဲ့ သူ
အကြင်နာရဲ့သားကောင်...မာယာရဲ့ မုဆိုးကြား
နင်......သိထား
ဣတ္ထိယမိန်းမတယောက်...ရှိသင့်တဲမာနထက်
မာန်မချသင့်ဘူး
♥
ဘယ်သူလဲ
"ဝ"လုံးရဲ့တစ်ဘက် ဝိုင်းစက်အောင်ရေးခဲ့
မညီညာ ပလီပလာများတဲ့....လက်ရေး
ဖတ်တတ်နောက်ကြခဲ့ပေါ့
ကဲ....ထားတော့
ဘယ်လိုအဖြေထုတ်ချင်လဲ
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတဲ့လား
ဟားတိုက်ကာ ရယ်လိုက်ချင်ပါတယ်
ဒီမှာ လုဒ္ဒ(မုဆိုး)
စာနာတတ်တဲ့ မုဆိုး ဘယ်တော့မှ တောမတိုးဘူး။
ကြင်နာတတ်တဲ့ရင်ခွင် ဘယ်တော့မှ စစ်မခင်းဘူး။
ပုထုဇဉ်ဖြစ်တဲ့ ငါလဲ အတ္တ၊မာန မကင်းနိုင်သေးဘူး။
ကိုယ်ချင်းစာစိတ် မရှိတဲ့သူတွေလည်း မုဆိုးတစ်ပိုင်းမိန်းမရိုင်းနဲ့ မခြားဘူး။
♥
တစ်နေ့ ပြီးတော့ တစ်ရက်
လေပြေရိုင်းတွေ....သွေးညှီးနံ့သင်း ခဲ့ပြီး
ခံစားချက်တွေ....ခပ်မဲ့မဲ့ပေါ့
မာယာကျော့ကွင်း မြှားဆိပ်ထိလို့ မသေမရှင်
ညီးညူးသံ....ငါ့ ဝန်းကျင်မှာ ပဲ့တင် ထပ်
ကဗျာစာဖွဲ့မမှီ အောင်နိုင်သူ မုဆိုးကြီး
သားကောင်တွေ ရဲ့ နှလုံးသား
မင်းတို့လို အကြင်နာတရားမမဲ့ခဲ့ဘူး ဆိုရင်ရော
♥
စစ်မှန်တဲ့ အချစ်၊မေတ္တာ၊ဂရုဏ တွေ
သာနေတဲ့ လမင်းလေးတွေကို
ခေတ်သစ်မုဆိုး မာယာထောင်ချောက် မှာ
ဆူးနစ်မဝင်စေ ဖို့ 
ကာကွယ်ပေးတဲ့ လမ်းပြကြယ်လေး အဖြစ်
မုဆိုးရေ...
တွယ်ရာမဲ့ လမ်းက...စောင့်နေမယ်
->♥♥♥♥♥♥♥♥♥♥♥<-
--------------------------------------------------------------------------
အားလုံးကို လေးစားလျှက်
No comments:
Post a Comment