Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 July 2012

စင်္ကာပူဒေါ်လာ တစ်သောင်း တန်ဘိုးရှိ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ရန်ရှိ



စင်္ကာပူနိုင်ငံ အစိုးရမှ ပြဋ္ဌာန်းလိုက်ထားတဲ့ ပညာရေးနဲ့ စီမံခန့်ခွဲမှု အရည်အသွေးဆိုင်ရာ လက်မှတ် Edu Trust ၉ နှစ်ရရှိထားတဲ့ MDIS မှ
စင်္ကာပူဒေါ်လာ တစ်သောင်း တန်ဘိုးရှိ ပညာသင်ထောက်ပံ့ကြေးကို ပေးအပ်ချီးမြှင့်သွားဖို့ ရှိတယ်လို့ Crown Education  ရဲ့သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုကိုတော့ ဇူလိုင်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ Sumit Parkview Hotel  အတွင်း ပညာရေးတွေ့ဆုံမှု ကျင်းပပြုလုပ်ကာ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ရွေးချယ်မှုတွေပြုလုပ်မယ့် Open House မှာ ဆေးပညာ၊ အင်ဂျင်နီယာဘာသာရပ်၊ ဖက်ရှင်ဒီဇိုင်း၊ ဒစ်ဂျစ်တယ်မီဒီယာ၊ စီမံခန့်ခွဲမှု၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု အပါအ၀င် ဘာသာရပ် ပေါင်း ၄၀ ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒီလို လေ့လာရာမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ထား သူတွေအနေနဲ့ ၃ နှစ်ခွဲ ကာလအတွင်း အင်္ဂလန်နိုင်ငံ အသိအမှတ်ပြု ဆေးပညာဘွဲ့ကို ရယူနိုင်မှာ ဖြစ်ပါတယ်။  ပညာသင် ထောက်ပံ့ကြေးရွေးချယ် မှုကိုတော့ ပညာရေးရမှတ်အပေါ် မူတည်ရွေးချယ်မှာဖြစ်ပြီး အခြားခေါင်းဆောင်နိုင်မှု စွမ်းရည်နဲ့ လေ့လာနိုင်စွမ်းတို့ကိုပါ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ Open House ပညာသင်ထောက်ပံ့ကြေး ရရှိထားသူတွေ အနေနဲ့ကျောင်းပြီး ဆုံးတဲ့အခါ လုပ်ဆောင်ရမယ့် ၀န်ခံချက်လက်မှတ်တွေလည်း မလိုအပ်ဘဲ အလွတ်တန်းရွေးချယ်ပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့