Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 July 2012

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ၃ လတာ ကာလအတွင်း ပြည်တွင်း၌ တရုတ်နိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံ



မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန် ထားတဲ့ အချက်အလက် များအရ ပြည်တွင်းမှာ လာရောက် မြှုပ်နှံထားတဲ့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု တွေထဲမှ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ၃ လတာ ကာလ အတွင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အများဆုံး ရင်းနှီး မြှုပ်နှံ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မြှုပ်နှံထား ရာမှာတော့ ၃ လတာ ကာလမှာ အမေရိကန် ဒေါ်လာ ၁၄.၄၁ ဘီလီယံနဲ့ အများဆုံး မြှုပ်နှံထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို မြှုပ်နှံရာ မှာတော့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း၊ မော်တော်ကား လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနဲ့ အထည်ချုပ် လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်စပ် ကုန်သွယ်မှု ပြုရာမှာလည်း တရုတ်နိုင်ငံနဲ့ အများဆုံး ကုန်သွယ်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ တရုတ် နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ရာမှာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ပြည်မကြီး၊ ဟောင်ကောင် တို့မှ အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံ ထားမှုမှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် မှာလည်း အမေရိကန် ဒေါ်လာ ၁၃ သန်းကျော်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ ထားမှု ရာခိုင်နှုန်းမှာ ၃၄.၂၇ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ရင်းနှီးမြှုပ်နှံ ခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့