Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 July 2012

အပျို၊အပျိုစစ်နှင့်အပျိုစင်.......အကြောင်း....

အပျို၊အပျိုစစ်နှင့်   အပျိုစင်    ဆိုတဲ့  ဒီပို့စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင် လို့်ရေးလိုက်တာပါ..။
မိန်းမဋီကာကြီးကို ကျေညက်လို့်လဲမဟုတ်ရပါ...။
ခေတ်ရေစီးကြောင်းအရ  တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောက်းကြီးထဲမှာ လူမှု့ရေး။စီးပွါးရေးတွေအပြင်
ယဉ်ကျေးမှုတွေပါ တိုက်စားခံလာရပါပြီ...။ ကဲဒီတော့ ထိမ်းသိမ်းရန်ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူညီမ  ငယ်လေးများအား သတိပေးရန်ရေးလိုက်ခြင်းဖြစ်ပါသည်...။


အပျို........
အပျိုဆိုတာ ဘာကိုဆိုလိုသလဲ.....။
အားလုံးသိကြမှာပါ..။  အပျိုဆိုတာ  အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့သူဟာအပျိုပါပဲ။
အိမ်ထောင် မရှိဘူးလက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင်း ရှိခဲ့ဖူးမယ်။ ချစ်သူရှတယ်ဆိုတဲ့
နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက်ကျော်လွန်ခဲ့ရင် လဲကျော်လွန်ခဲ့မယ်  ဒါကို
ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်...။ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာအပျိုပါပဲ။   ဒါကိုအပျိုလို့ ခေါ်ပါတယ်
ဒီ အပျိုဆိုတဲ့  စာရင်းထဲမှာ   လက်မထပ်ရသေးသည့်အမျိုးသမီးအားလုံးပါဝင်ပါတယ်..။


အပျိုစစ်.......
အပျိုစစ်  ဆိုတဲ့  နေရာမှာတော့  လက်မထပ်ရသေးသူ  အားလုံး  မပါဝင်နိုင်တော့ပါဘူး...။ သူဟာချစ်သူ
ရှိခဲ့ဖူးသူ  ဖြစ်ပေမဲ့ သာမန်သမီးရည်ုးစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး  လက်ရှိအပျိုရည်ကိုထိန်းသိမ်း
ထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုပါတယ်။   ချစ်သူနှုတ်ခမ်း  နမ်းဖူးတယ်  ဆိုတဲ့  အခြေအနေမျိုး
တော့ ရှိနိုင်မှာပါ...။  ဒါပေမဲ့   သူမဟာ  ကာမဆန္ဒ  ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့
ခေါ်ဆိုနိုင်ပါတယ်....။

အပျိုစင်...........
အပျိုစင်ဆိုတဲ့ နေရာမှာတော့  အမျိုးသမီးငယ်တွေ အားလုံးမပါဝင်နိုင်တော့ပါဘူး...။ ခုလို အခြေအနှေ
မှာအတော်လေးကို ရှားပါလာပြီးလို့  လဲ ပြောလို့ ရပါတယ်.. အပျိုစင်   ဆိုတာဘာလဲ.....။
အပျိုစင်ဆိုတာ ယောကျာင်္းတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်.....။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့်
ထိတွေ့ခဲ့ဖူးခြင်း  မဆိုထားနှင့် သူမ၏  စိတ်ထဲနှလုံးထဲတွင်ပင်  ညစ်ညမ်းသော  အတွေးအခေါ်မရှိ
ပကတိ  ဖြူစင်သော  မိန်းမပျိုလေးများပင်ဖြစ်သည်....။ ယနေ့ခေတ်လို အနောက်တိုင်း ယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပါပြီ......။
ကိုယ်ကိုတိုင်  တန်ဖိုးထားမှ  အခြားသူတွေကလဲ  ကိုယ့်ကိုတန်ဖိုးထားမှာ ပါ  အကြွေပန်းကို ကောက်နမ်း
ချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်.....။  ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ ကခရေပန်းလို
ကြွေခဲ့ပေမဲ့  မွှေးရနံ့လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံနိုင်ရမှာနော်...။ ဒါတောင် ဆယ်ပွင့်ကြွေလို့
တစ်ပွင့်  အကောက်ခံရချင်မှ အကောက်ခံရမှာ အများကြီး ကျန်ခဲ့ပါတယ်...။ မေ့  ညီမတွေအချစ်နဲ့ရာဂ
ကို  ခွဲခြားသိမြင်နိုင်ကြပါစေ...။  ကိုယ်ကိုတိုင်  အပျို   အပျိုစစ်  နှင့်   အပျိုစင်  ဆိုတာကိုခွဲခြားသိမြင်
ပြီး  ကိုယ်ပိုင်ဆိုင်ထားတဲ့  ဘ၀လေးကို တန်ဖိုးထားတတ်ကြပါစေ......။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့