Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 28 July 2012

အအေးခန်း စက်ရုံများတွင် CMP စနစ်ကို သြဂုတ်လကုန်အထိသာ ဆောင်ရွက်သွားမည်



ရန်ကုန်တိုင်းဒေသကြီးက အအေးခန်းစက်ရုံတွေမှာ CMP ပြည်ပမှ ကုန်ကြမ်းမှာယူကာ ပြည်တွင်းမှာ ကုန်ကြမ်းထုတ်လုပ်သည့် လက်ခစားစနစ် ကို
လက်ရှိရာသီရဲ့ မွေးမြူရေးငါးနဲ့ ငါးသယံဇာတများရရှိမယ့် သြဂုတ်လကုန်အထိသာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အဏ္ဏ၀ါဒေ၀ီ အအေးခန်းစက်ရုံမှ တာဝန်ရှိသူ ပြောကြားချက်အရ သိရပါတယ်။ အခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ အအေးခန်းစက်ရုံ ၄ ရုံကသာ MIC မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို လျှောက်ထားပြီး တရားဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဃဏြ စနစ် အတွက် ကုန်ကြမ်းကို အာဂျင်တီးနားနိုင်ငံမှ မှာယူပြီး ကုန်ချောကို မလေးရှားနိုင်ငံသို့ ပြန်လည် တင်ပို့မှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် CMP စနစ်ကို သြဂုတ်လကုန် အထိသာ ဆောင်ရွက်သွားရတာဟာ သြဂုတ်လ ကုန်ဆိုရင် ပြည်တွင်းမှာ မွေးမြူရေးငါးနဲ့ ငါးသယံဇာတများ ပြန်လည်ပေါများစွာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်ကျရင် CMP စနစ်နဲ့ ဆောင်ရွက်မှုကိုတော့ လျှော့ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့