Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 27 July 2012

တစ်ပတ်စာ သင်၏ကံဇာတာ (ဇူလိုင်လ၂၇ ရက်) မှ (ဩဂုတ်လ ၂ ရက်)


တစ်ပတ်စာ သင်၏ကံဇာတာ



၂၀၁၂ ဇူလိုင်လ၂၇ ရက် မှ ဩဂုတ်လ ၂ ရက်အထိ



ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)

အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊

သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။

ဖုန်း - ၅၆၄၁၀၆



မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -




စက်ပစ္စည်းနှင့် စားသောက်ကုန်များ သိုလှောင်ရောင်းချမှု အကျိုးမရှိနိုင်သေး။ သွက်လက်သော ရောင်းဝယ်ဖောက်ကား

မှုများသာ အကျိုးပေးနေမည်ဖြစ်သည်။ ၃၁ ရက်နေ့၌ ဘုရားဖူးခရီးထွက်ခြင်း၊ ကုသိုလ်ရေးအဓိဋ္ဌာန် ၀င်ခြင်းများ

အောင်မြင်မှုရလိမ့်မည်။ ၀င်ငွေတိုးပွားမည်။ အနာဂတ်အကျိုးရှိမည့် စာချုပ်စာတမ်း များ ချုပ်ဆိုရလိမ့်မည်။

ယတြာ - ဗုဒ္ဓဟူးထောင့်၌ ရောင်စုံနှင်းဆီများ ကပ်လှူပါ။



ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -




၂၇ ရက်၊ ၂၉ ရက်တို့တွင် မိမိ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းကိစ္စများ ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည်။


ဂုဏ်သိက္ခာနှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားလာမည်။ ရပ်ဝေးအဆက်အသွယ် ကောင်းများ ရရှိမည်။ နိုင်ငံ

ရပ်ခြားပညာတော်သင်ကိစ္စများ အကျိုးပေးလိမ့်မည်။ မီဒီယာ လုပ်ငန်းအမျိုးမျိုး၌ ထိရောက်သော တိုးတက်အောင်မြင်

မှုများ ရရှိနေမည်ဖြစ်သည်။

ယတြာ - စာရေးကိရိယာများ လှူဒါန်းပါ။



မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -




ယေဘုယျကံကောင်းသည့် နေ့ရက်များဖြစ်သည်။ ဆွေးနွေးညှိနှိုင်းမှုများ အထူးအောင်မြင်မည်။ ပညာရေးခရီးလမ်း

၌ အကျိုးပေးမည့် ဘာသာရပ်များ တက်ရောက်သင်ယူရန် ရွေးချယ်မှုမှန်ကန်လိမ့်မည်။ လုံ့လ၀ီရိယအကျိုးခံစားရ

မည်။ အိမ်ခြံမြေကားနှင့် စီးပွားဥစ္စာ တိုးတက်အကျိုးပေးမည်။ လုပ်ငန်းသစ်တိုးချဲ့ဆောင်ရွက်နိုင်မည်။ ကြိုတင်ခန့်

မှန်းတွက်ချက်လုပ်ကိုင်သော လုပ်ငန်းများ အောင်မြင်မှုရလိမ့်မည်။

ယတြာ - သစ်သီးဆွမ်း ကပ်လှူပါ။


ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -




မိသားစုဘ၀ သာယာ ချမ်းမြေ့ပျော်ရွှင်ရလိမ့်မည်။ ဥစ္စာဓနနှင့် စည်းစိမ်ချမ်းသာတိုးမည်။ လုံ့လ၀ီရိယစိုက်ထုတ် နိုင်

လေလေ အောင်မြင်မှုရလေလေဖြစ်မည်။ အသိဉာာဏ်ပွင့်လန်းနေ၍ ဆုံးဖြတ်ချက်များ မှန်ကန်မည်။ အများ၏အား

ထားယုံကြည်မှု အထူးတလည်ရရှိနိုင်သည်။ ကျန်းမာရေးမူ ညံ့ဖျင်းနေတတ်၍ ဂရုစိုက်သင့်၏။ ရေလမ်းခရီးမသွား

သင့်သေး။ ယတြာ - ဆေးဝါး ဓာတ်စာ လှူဒါန်းပါ။




သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -




အကြံအစည်သစ်များ စတင် အကောင်အထည်ဖော်ရန် နှောင့်နှေးနေဦးမည်။ ကျန်းမာရေးချူချာနေတတ်သည်။

အစားအသောက်နှင့် အနေအထိုင်ဆင်ခြင်သင့်၏။ ၂၇ ရက်နေ့၌ အရောင်းထိုင်းနေသော ပစ္စည်းများအရောင်း

အ၀ယ်ဖြစ်နိုင်သည်။ ရှားပါး၍ တန်ဖိုးကြီးမားသည့် ရတနာများ တူးဖော်တွေ့ရှိနိုင်၏။ ပစ္စည်းဟောင်းများ အကျိုးပေး

နေချိန်ဖြစ်သည်။ ဉာာဏ်စွမ်းအား မြင့်မားပြီး ပညာရေးကောင်းနိုင်၏။

ယတြာ - မိခင်ဖြစ်သူအား နို့ထွက်ပစ္စည်းများဖြင့် ကန်တော့ပါ။


ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -




လွယ်လင့်တကူ ၀င်ငွေအကျိုးအမြတ်ကောင်းအောင် ဆောင်ရွက်နိုင်လိမ့်မည်။ အလဈအတန်းကိစ္စများ ရည်ရွယ်ထား

သလို ဆောင်ရွက်နိုင်မည်။ စိတ်နေစိတ်ထား ပိုမိုတည်ကြည်မြင့်မားလာမည်။ မိမိ၏ ဆုံးဖြတ်မှုနှစ်ခွဖြစ်နေ၍အခွင့်အရေး

ကောင်းများ လက်လွတ်ဆုံးရှုံးရတတ်ချိန်ဖြစ်သည်။ ငွေကြေးကိစ္စညှိနှိုင်းဆောင်ရွက်မှုအောင်မြင်မည်။ ပြောဆိုသမျှ

အရာရောက်နေတတ်သည်။

ယတြာ - တန်ခိုးကြီး ဘုရားများ လှည့်လည်ဖူးမြော်ပါ။




တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -




ကံကောင်းသည့်ရက်များဖြစ်သည်။ ထွက်ငွေထက် ၀င်ငွေပိုမိုကျော်လွန်လာနိုင်သည်။ ထီ၊ အမွေအနှစ်၊ လုံ့လ၀ီရိယ

တို့ကြောင့် ငွေကံကောင်းနိုင်ချိန်လည်းဖြစ်သည်။ ကြားဝင်ဆောင်ရွက်သည့် လုပ်ငန်းများ အောင်မြင်မည်။ ဂုဏ်သိက္ခာ

တိုးမည်။ အစိုးရအကြီးအကဲတို့၏ ချီးမြှင့်မြှောက်စားခြင်းခံရမည်။ စီးပွားတက်မည်။ ရပ်ဝေးအလုပ်များလည်း အကျိုးရှိ

လိမ့်မည်။ ယတြာ - မွေးနံထောင့်၌ ပန်းသစ်သီး ကပ်လှူပါ။





ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -




ပရဟိတလုပ်ငန်းများ အကျိုးပေးနေသည်။ အိမ်ထောင်ရေးသာယာချမ်းမြေ့မည်။ အပျိုလူပျိုများ အိမ်ထောင်ကျတတ်

ချိန်ဖြစ်သည်။ ကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့သည့် လုပ်ငန်းမှန်သမျှ ပိုမိုတိုးတက်လာမည်။ ဘုန်းကံမြင့်မားတိုးတက်

မည်။ ဖခင်ဖြစ်သူကြောင့် ဂုဏ်ယူဝမ်းမြောက်ရလိမ့်မည်။ အများ၏ချစ်ခင်လေးစားမှုခံရမည်။

ယတြာ - ရွှေသင်္ကန်း ကပ်လှူရန် အလှူငွေထည့်ပါ။




ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -




ဝင်ငွေကောင်းသလိုထွက်ငွေလည်း များနေလိမ့်မည်။ ကုသိုလ်ကောင်းမှု အလဈအတန်းများ ပြုလုပ်ရလိမ့်မည်။ နိုင်ငံ

ရပ်ခြားအလုပ်၊ ပညာတော်သင်နှင့် ခရီးသွားမှုများ မျှော်လင့်သလို အောင်မြင်နိုင်သည်။အနာရောဂါဝေဒနာများ

သက်သာ ပျောက်ကင်းနိုင်သည်။ စွန့်စားရင်းနှီးလုပ်ကိုင်ခြင်းများအကျိုးအမြတ်ရှိလိမ့်မည်။ လုပ်ငန်းဌာန၊ နေအိမ်မြေ

ယာစသည့် တည်တံ့သော ဥစ္စာပစ္စည်းများ ၀င်နိုင်သည်။ နှစ်ရှည်စီမံကိန်းစတင်ဆောင်ရွက်သင့်၏။

ယတြာ - ရာဟုထောင့်၌ ရွှေဖယောင်းတိုင်များ ကပ်လှူပါ။



မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -




အိမ်ထောင်ဖက်နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ အမြတ်အစွန်းတိုးတက်ရရှိနိုင်သည်။ အစုစပ်လုပ်ငန်းများ၊

ပွဲစားလုပ်ငန်းများ၊ အရောင်းအ၀ယ်ကိစ္စများ အဆင်ပြေတိုးတက်လာမည်။ ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ၀ယ်လိုအား

တိုးတက်အောင်ဆောင်ရွက်နိုင်လိမ့်မည်။ဆုံးရှုံးထားသည့် ပစ္စည်းများ ပြန်လည်ဝင်ရောက်နိုင်သည်။ ပရဟိတလုပ်ငန်း

များ စေတနာထားဆောင်ရွက်သင့်၏။

ယတြာ - မွေးနံထောင့်၌ နှင်းဆီနီများ ကပ်လှူပါ။




ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -




လုပ်ငန်းဆောင်ရွက်ရာ၌ မာန်မာနကြောင့် နစ်နာဆုံးရှုံးတတ်သည့်ရက်များဖြစ်သည်။ လူကြီးသူမ၊ ဆရာသမားတို့နှင့်

စိတ်သဘောမတိုက်ဆိုင်မှုဖြစ်ရတတ်သည်။ မိတ်ဆွေကောင်းများထံမှ ပံ့ပိုးကူညီမှုများရလိမ့်မည်။ လုပ်ငန်းဆိုင်ရာ

အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်။ အပြိုင်အဆိုင်များသည့် စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုရ

မည်။ လတ်တလော၌ အစုစပ်လုပ်ငန်းသစ်များ စတင်ဆောင်ရွက်ရန် မသင့်လျော်ပေ။

ယတြာ - အုန်းဆွမ်း ကပ်ပေးလှူပါ။



မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -




အမွေရစရာရှိက ရရန်သေချာသည့် အချိန်ဖြစ်သည်။ လုပ်ငန်းနယ်ပယ်အသီးသီး၌ ကြီးပွားတိုးတက်မှုများ ကြုံတွေ့

လာမည်။ လူကြီးသူမ၊ ဆရာသမားတို့ကြောင့် ပိုမိုအဆင်ပြေတိုးတက်မည်။ လုပ်ငန်းခွင်သင်တန်းများ တက်ရောက်

အောင်မြင်မှုရမည်။ ရာထူးဂုဏ်သိန်၊ ဩဇာတိက္ကမ ပိုမိုတိုးတက်နိုင်သည်။ မိမိကြောင့် မိသားစုဝင်များ ဂုဏ်ယူဝမ်း

မြောက်ရလိမ့်မည်။ သူတော်ကောင်း၊ သူတော်စင်များနှင့် ဆုံတွေ့ရတတ်ချိန်ဖြစ်သည်။

ယတြာ - တန်းဆွမ်း လောင်းလှူပေးပါ။




သူငယ်ချင်းများ လုပ်ငန်းတာဝန်များ အဆင်ပြေ ချော့ မွေ့ နိင်ကြပါစေ ခင်ဗျာ.။

ခင်မင်စွာဖြင့် 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့