Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 27 July 2012

မြန်မာ့သဘင် တိုးတက် ထွန်းကားရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်



မြန်မာ့သဘင် တိုးတက် ထွန်းကားဖို့ အတွက် ရည်ရွယ်ပြီး အလုပ်ရုံ ဆွေနွေးပွဲ တစ်ခုကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ Central Hotel မှာ ပြုလုပ်
ခဲ့ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာ့သဘင် တိုးတက် ထွန်းကားဖို့ အတွက် လိုအပ်တဲ့ အကြောင်းအရာများနဲ့ လက်ရှိ မြန်မာ့သဘင် လောက အခြေအနေ များကို ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာမှာ ရုံဇာတ်များမှာ အများဆုံး ကြုံတွေ့နေရတဲ့ အခွန်ကိစ္စရပ်များ၊ ဇာတ်ကားများ နယ်ထွက်ရာမှာ ကြုံတွေ့ရတဲ့ တန်ပို ကိစ္စများ၊ သဘင်ဖျော်ဖြေရေး ကိစ္စများ၊ ဆင်ဆာကိစ္စများ အစရှိတာတွေကို ဆွေးနွေး တိုင်ပင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲမှာ မြန်မာ့သဘင် လောက တိုးတက် ထွန်းကားဖို့ ဆောင်ရွက် သွားမယ့် အရာများ ကိုလည်း ဆွေးနွေးခဲ့ ပါတယ်။ အခုလို မြန်မာ့သဘင် တိုးတက် ထွန်းကားရေး အတွက် ပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာ ပထမဆုံး အကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်း မှာလည်း ထပ်မံပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ကိုတော့ သဘင် ပညာရှင်များ၊ အနုပညာရှင် များနဲ့ စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့