Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

နားလည်ပေးနိုင်မှုလေးများ

1. ချစ်တာနဲ့ သာယာတာမတူညီပါဘူး ယောက်ျားလေးတော်တော်များများဟာ သာယာမှုကို ချစ်တယ်ထင်တတ်ပြီး တစ်ကယ်မချစ်ပဲ မိန်းကလေးတွေကို ချစ်ရေးဆိုတတ်ကြပါတယ် မချစ်ပဲနဲ့ ချစ်တယ်လို့ မပြောကြပါနဲ့။ ( ဆန်းစစ်ဖို့လုံလောက်တဲ့ အချိန်ကိုယူပါ မိန်းကလေးတွေကလည်း နားလည်နိုင်ပါတယ်။)
2. ရည်းစားဟောင်းရှိခဲ့ဖူးတာ ... ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး၊ ဒါပေမဲ့ အတတ်နိုင်ဆုံး သင်ကိုယ်တိုင် အမှန်အတိုင်း ချစ်သူမိန်းကလေးကို ပြောပြပေးပါ၊ အချိန်လွန်မှ သူများတစ်ကာပါးစပ်ဖျားကနေ တစ်ဆင့်သိလာခဲ့ရရင် အပိုအလိုတွေပါပါလာနိုင်တာမို့ ခံစားရတဲ့သူမှာ ပိုပြီးနာကျင်စေပါတယ်။ 
3. ချစ်သူမိန်းကလေးရှေ့မှာ အရင်ရည်းစားဟောင်း ချစ်သူဟောင်း အကြောင်းတွေကို ခဏခဏ ပြောဖို့မသင့်ပါဘူး ... သ၀န်တိုတတ်တာ မနာလိုတတ်တာ မိန်းကလေးတွေရဲ့ မွေးရာပါ အရည်အချင်းတစ်ရပ်ပါ။
4. ယောက်ကျားလေးအများစု ပြောတတ်ကြပါတယ် ... နှလုံးသားတစ်ခုလုံးပေးဆပ်ပြီး ချစ်ခဲ့ပါတယ်တဲ့ မိန်းကလေးတွေကရော နှလုံးသားတစ်ခုလုံးတင်မက ဘ၀တစ်ခုလုံးရော... ခံစားချက်အရာရာရော ...  တစ်ခါတစ်ခါ ထမင်းလုတ်တွေပါ ပုတ်ချခံခဲ့ရတာ နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီး ချစ်ပါတယ်ဆိုတဲ့ ဘယ်ချစ်သူက သိခဲ့ပါလည်း
5. မိန်းကလေးတွေဟာ ချစ်သူနဲ့ပတ်သက်လာရင် ရက်စွဲတွေကိုမှတ်မိစေချင်ရုံ မဟုတ်ပါဘူး အမှတ်တရတွေကို မှတ်မိစေချင်တာလည်း မကပါဘူး အရာရာကိုမှတ်မိစေချင်တာပါ အဲ့တာကလည်း သူ့ချစ်သူက သူနဲ့ ပတ်သက်လာရင် အလေးအနက်ထားတယ်ဆိုတာ ပိုမိုပေါ်လွင်စေချင်လို့ပါ။
6. ဆိတ်ကွယ်ရာမလိုက်တဲ့ ချစ်သူမိန်းကလေးတွေကို ကိုယ်ချစ်သလိုမချစ်ဘူး ကိုယ့်ကိုမယုံကြည်ဘူးလို့ မထင်မှတ်ပါနဲ့ ဆိတ်ကွယ်ရာမလိုက်တာဟာ မိန်းကလေးတစ်ယောက်က သူထိန်းသိမ်းသင့်တဲ့ အိနြေ္ဒ သူထိန်းသိမ်းတာပါ။
7. မိန်းကလေးတွေမှာလည်း ယောက်ျားလေးသူငယ်ချင်းတွေ ရှိတတ်ပါတယ် ဒါပေမဲ့ ကိုယ့်ချစ်သူနဲ့ ဘယ်သူငယ်ချင်းကိုမှ မနှိုင်းယှဉ်ခဲ့ဖူးပါဘူး ပတ်သက်မှုကို အကန့်ခွဲခြားထားတာ အရမ်းကိုရှင်းလင်းလွန်းတာ သေချာကြည့်ရင် မြင်နိုင်ပါတယ်။
8. မိန်းကလေးတိုင်းကလည်း သူ့ချစ်သူယောက်ကျားလေးတွေကို သပ်ရပ်သန့်ရှင်းနေစေချင်ပါတယ်၊ ရုပ်ဆိုးတဲ့ယောက်ျားတွေကိုတောင် ချစ်သူအဖြစ်လက်ခံနိုင်ခဲ့သေးတာပဲ ရုပ်ရည်ကအဓိကမဟုတ်ပါဘူး မချောမလှပေမဲ့လည်း ယောက်ျားပီသစွာ သပ်ရပ်သန့်ရှင်းတာကိုတော့ မြင်ချင်တတ်တာ မိန်းကလေးတိုင်းပါ။
9.အတူတူပါပဲ တစ်ခါတ်ရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို စေတနာနဲ့ တားဆီးတတ်ကြတယ် စေတနာကို ယောက်ျားလေးတွေက ချုပ်ချယ်တယ်လို့ ထင်မှတ်မှားသွားတတ်ကြတယ် ကိုယ့်ချစ်သူကို မဖြစ်သင့်တာ မဖြစ်ရအောင် မမှားသင့်တာမမှားရအောင်   စေတနာပိုမိတာပါ။
10.မိန်းကလေးတွေဟာ သူငယ်ချင်းတွေ အသိတွေရှေ့ကြရင် ချစ်သူကိုချစ်သူလို့ မိတ်ဆက်ပေးရမှာ ရှက်တတ်ပါတယ် ရှက်တတ်တာ မိန်းမသဘာဝပါ၊ ကိုယ့်ချစ်သူကို အရှက်ရှိတဲ့ မိန်းမတစ်ယောက်အဖြစ်တော့ တန်ဖိုးထားပေးတတ်ပါ။ ကောင်လေးသူငယ်ချင်းတွေရှေ့မှာ မိတ်ဆက်ပေးစေချင်တာလည်း အသိအမှတ်ပြုတဲ့  နေရာဆိုတာလေးတစ်ခုကို လိုချင်တာလေးပါ။
11. လုပ်ငန်းတွေလုပ်ဆောင်နေရလို့ တစ်ခါတစ်ရံ လစ်ဟာမှုတွေကို နားမလည်ပေးနိုင်တာမဟုတ်ခဲ့ပါဘူး တစ်ခါတစ်ရံတွေကနေ အကြိမ်ကြိမ် အခါခါဆိုတာတွေကို ရင်ဆိုင်လာရမှာကိုသာ ကြောက်တာပါ၊ မိန်းမတွေရဲ့ မွေးရာပါ စိတ်မလုံခြုံမှုကိုလည်း နားလည်ပေးစေလိုပါတယ်။
12. ကိုရီးယားဇတ်လမ်းတွဲတွေ၊ အလှအပတွေမက်တဲ့ မိန်းမတွေလည်းရှိပါတယ်၊ မိန်းမတွေလည်း စိတ်အတွက်ဖျော်ဖြေမှုလေးတစ်ခု အနေနဲ့ပါပဲ တစ်သက်လုံး အဖေါ်ပြုပေးနေမှာ ကိုရီးယားမင်းသားမင်းသမီးတွေမဟုတ်တာ မိန်းကလေးတိုင်း သိထားကြပါတယ်၊ အလှအပဆိုတာလည်း ကိုယ်သပ်ရပ်လှပနေတာ ချစ်သူအတွက်ပါ။
13.ချစ်သူနှစ်ယောက်ချစ်နေကြရုံကတော့ နှစ်ယောက်ကိစ္စပါပဲ၊ ဒါပေမဲ့ ဘ၀တစ်ခု ထူထောင်ဖို့အတွက်ကတော့ နှစ်ယောက်စလုံးရဲ့ တာဝန်ပါပဲ နှစ်ဦးနှစ်ဘက်စလုံးရဲ့ မိသားစုအခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ်။
14. ဘေးနားကနေ အလိုက်အထိုက်အကြံပေးနိုင်ဖို့ အကူအညီပေးနိုင်ဖို့အတွက်လည်း တတ်သင့်တဲ့ အသိပညာတွေ ရှိသင့်တဲ့ အသိတရားတွေ လိုအပ်ပါတယ်၊ အလိုက်သိမှုတွေအတွက်တောင် အရိပ်အကဲနားလည်တဲ့ ပညာလိုသေးတာပါပဲ။ 
15. ဥပုသ်စောင့်တဲ့ ကျားမရှိဘူးတဲ့ တစ်ကယ်မှန်တဲ့စကားပါ၊ ထိန်းချုပ်နိုင်မှုစွမ်းရည်တွေ၊ ဦးနှောက်နဲ့ အသိပညာတွေက အလကားထားတာ မဟုတ်ခဲ့ပေမဲ့  ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြစ်လို့ရတဲ့ လူ့တန်ဖိုးဆိုတဲ့ နေရာမှာ ကိုယ်ကိုယ်တိုင်အသုံးချမှ ဖြစ်မှာပါ။
16.ယောက်ျားလေးတွေရဲ့ မကောင်းတဲ့အကျင့်တွေကို မိန်းကလေးက အထက်စီးကမပြောပဲ ပါးနပ်ချိုသာစွာ ပြောဆိုရင်   ယောက်ျားလေးတွေက  ပြောင်းလည်းပစ်နိုင်ခဲ့ရင် မိန်းကလေးတွေကလည်း ထို့အတူပါပဲ ချစ်သူယောက်ျားလေးတွေ မကြိုက်နှစ်သက်တဲ့ အမူအကျင့်တွေကို ပါးနပ်ချိုသာစွာ ပြောင်းလဲစေချင်တာပါပဲ မိန်းကလေးတွေလည်း အထက်စီးကပြောဆိုခံရတာ မကြိုက်နှစ်သက်ပါဘူး။
17့  မာန်မာန ပါပဲ ...လူတိုင်းရှိတတ်ကြတာပါ။လူမှန်ရင် မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ သက်သက်မဲ့ မစော်ကားတတ်ပါဘူး။ ယောက်ျားတစ်ယောက်ရဲ့ မာန်မာနကိုသက်သက်မဲ့ စော်ကားဖို့ ဘယ်မြန်မာအမျိုးသမီးတွေကမှ မတွေးမိတတ်ကြပါဘူး။ ယောက်ျားတွေကလည်း မိန်းမတွေရဲ့ မာနကို အရင်ဦးစွာ မစော်ကားမိပါစေနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့ နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့။ 
18. တစ်ဘက်သတ်ဆိုတာတွေက ဘယ်နေရာမှာမှမကောင်းပါဘူး ယောက်ျားလေးတွေကချစ်လို့အလျော့ပေးတယ် မိန်းကလေးတွေကလည်း ချစ်လို့ လိုက်လျောတယ် နှစ်ဦးနှစ်ဘက် ပြေပြေလည်လည်အချိန်တွေမှာ အလျော့ပေးတာကို အလျော့ပေးတယ်လို့ပဲ မြင်တတ်တယ်  လိုက်လျောတာကိုလည်းလိုက်လျောတယ်လို့ပဲ မြင်တတ်တယ် နားလည်မှုတွေ အစွန်းရောက်လာရင်တော့ အလျော့ပေးရတာကို အနိုင်ကျင့်တယ်လို့ မြင်တတ်လာတယ် လိုက်လျောရတာကို အနိုင်ယူတယ်လို့ မြင်တတ်လာတယ် တစ်ကယ်ပါ တစ်ချိန်ချိန်မှာ လုံးဝ(လုံးဝ) မထင်ထားတာတွေ ဖြစ်တတ်ပါတယ်။
19. နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ချစ်သူကို ငါဒီမှာ နောက်တစ်ယောက်ရနေပြီလို့ စကားနာထိုးတဲ့အနေနဲ့ မပြောဖို့ပါပဲ။ အဲ့တာအမှန်ဆုံးပါ။ ယောက်ျားလေးရော မိန်းကလေးရော ဘယ်သူမှမပြောသင့်ပါဘူး။ ဒါပေမဲ့ တစ်ကယ်နောက်တစ်ယောက် ရှိလာရင်တော့ ပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ် မပြောပဲနေတာဟာ နှစ်ယောက်ခွပြီး ထားနေတဲ့အနေအထားကိုရောက်သွားစေနိုင်သလို အချိန်လွန်မှ သူများတစ်ကာပါးစပ်ဖျားကနေ တစ်ဆင့်သိလာခဲ့ရရင် အပိုအလိုတွေပါပါလာနိုင်တာမို့ ခံစားရတဲ့သူမှာ ပိုပြီး နာကျင်စေပါတယ်။ 
20. ကတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ့မယ်..:(

ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါဘူး မျှမျှတတလေး တွေးပေးထားတာပါ။
ချစ်သူများအားလုံး အဆင်ပြေနိုင်ကြပါစေ...................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့