Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

ရန်ကုန် ဘူတာကြီးတွင် ညအိပ်နေထိုင် သူများအား ထိရောက်စွာ အရေးယူသွားမည်

ရန်ကုန် ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြာချက် အရ ရန်ကုန် ဘူတာကြီးမှာ ခရီးသည်များ အနေနဲ့ ညပိုင်း ညအိပ်ညနေ နေထိုင်ပါက ထိရောက်စွာ
အရေးယူမှု တွေကို ထိရောက်စွာ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် ဘူတာကြီးမှ ညအိပ်ညနေ မနေရန် ထုတ်ပြန် ထားမှုဟာ ညပိုင်း ၁၀ နာရီ နောက်ပိုင်းမှ နံနက် ၄ နာရီ အထိ ခုံးကျော်တံတား နေရာများ စတဲ့ နေရာတွေမှာ တာဝန်ရှိသူမှ အပ မည်သူမှ မည်သူမျှ သွားလာ နေထိုင်ခြင်း မပြုရန် တားမြစ် ထားတာ ဖြစ်ပါတယ်။

ဘူတာကြီးမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ရန်ကုန် ဘူတာကြီးမှ ရထားများ ထွက်ခွာမှုဟာ နံနက်ပိုင်း ၄ နာရီ နောက်ပိုင်း မှသာ ထွက်ခွာ အပြီး ညပိုင်း အချိန်မှာလည်း ၁၀ နာရီမတိုင်မီ ရထား အားလုံးဟာ ဘူတာကြီးမှာ ဆိုက်ကပ်တဲ့ အတွက် ယခုလို ခရီးသည် များကို ညအိပ်ညနေ မနေဖို့ ထုတ်ပြန် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန် ဘူတာကြီးမှ ပျံကျ ဈေးသယ်များနဲ့ ရထားတွဲတွေ ပေါ်မှာရှိတဲ့ ဈေးသည် တွေကိုလည်း ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့