Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 July 2012

ဂရိတ်ဝေါလ် သကြားစက်ရုံ ရေဆိုးကိစ္စ ကြောင့် ရဲများလုံခြုံရေးတင်းကျပ်

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မှာရှိသည့် ဂရိတ်ဝေါလ်သကြား စက်ရုံကို ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော်မည် ဆိုသောကြောင့်  တကောင်းဒေသရှိ အာဏာပိုင်များ   က လုံခြုံရေးတင်း ကြပ်စွာချထား ကြောင်း သတင်းရရှိသည်။ 

ဂရိတ်   ဝေါလ်သကြားစက်ရုံမှ ရေဆိုးများ  ဖောက်ချနေမှုကြောင့် အနံ့အသက်    ဆိုးရွားသည့်အပြင်တခြားသဘာဝ   ပတ်ဝန်းကျင်ဆိုင်ရာဒဏ်များကို ဒေသခံပြည်သူများခံစားနေရသည့် အတွက် ၎င်းကိစ္စကိုဆောင်ရွက် ပေးရန် တာဝန်ရှိသူတွေကိုပြော ကြားသော်လည်း မည်သို့မှမထူး ခြားလာသောကြောင့် ယခုလို ဆန္ဒ ထုတ်ဖော်ရန် စိတ်အားထက်သန်   နေခြင်းဖြစ်ကြောင်းကို သပိတ်ကျင်း  မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) မှ ဒုဥက္ကဋ္ဌဦးခင်မောင် သန်းကပြောကြားသွားခဲ့သည်။

““ဗန်းမော်-မန္တလေးသွားတဲ့ ကားလမ်းတွေမှာ ရဲကားသုံးစီးနဲ့ ကင်းလှည့်တယ်။ နောက်ပြီး ဂရိတ်  ဝေါလ်စက်ရုံရှေ့မှာလည်း ရဲတွေ အများကြီးချထားတယ်။ လက်ထဲ မှာလည်း တုတ်၊ ဒိုင်းတွေကိုင် ဆောင်ထားတယ်။ အင်အားက လည်း ၂၀၀ နီးပါးရှိတယ်””ဟု ဦးခင်မောင်သန်းကပြောကြားခဲ့ သည်။ မောင်းကုန်ဒေသခံပြည်သူ   တွေက ဇူလိုင်လ (၁၆) ရက်မှာ  ဆန္ဒထုတ်ဖော်ဖို့စီစဉ်ထားသော် လည်း ရဲများကအကြမ်းဖက်နည်း မှာ အသုံးပြုမည်ကိုစိုးရိမ်းသော ကြောင့် ဆန္ဒထုတ်ဖော်ဖို့ကိစ္စကို   ဆိုင်းငံ့လိုက်ရတာပါ””ဟု သတင်း  ရရှိသည်။

““ကျွန်တော်တို့ကိုဦးဆောင်   မည့် ဦးစိန်လှကအဲဒီနေ့မှာ မလာ  ဖြစ်ဘူး။ နောက်ပြီးရဲတွေကလည်း သေနတ်တွေနဲ့ ဆိုတော့ တချို့ လူတွေကကြောက်နေကြတယ်။ အဲနေ့က ဆန္ဒထုတ်ဖော်ဖို့ကိစ္စမလုပ်   ဖြစ်သေးဘူး။ ကျွန်တော်တို့ကို ဦးဆောင်မယ့် လူရှိရင်ကျွန်တော် တို့က ဆန္ဒထုတ်ဖော်နေဦးမှာပါ”” ဟု မောင်းကုန်ဒေသခံပြည်သူတစ်  ဦးကပြောကြားခဲ့သည်။

ဂရိတ်ဝေါလ်သကြားစက်ရုံ မှ ထွက်ရှိလာသည်ရေဆိုးအညစ် အကြေးတွေကို အများဆုံးခံစားရ   သည့်ကျေးရွာများတွင် မောင်းကုန်း   ရွာ၊ မလိုင်ခြုံရွာ၊ ဥစ္စုံရွာ၊ ကင်ပွန်း   ကြီးရွာ၊ ကင်ပွန်းလေးရွာ၊ ဘူးကြီး  ကန်းရွာ၊ တောရရွာ၊ သပြေကုန်း ရွာနှင့် မြတောင်ကျေးရွာတို့ဖြစ် ကြသည်။ သကြားစက်မှရေဆိုး များ လျှံကျမှုကြောင့် ဇူလိုင်လ (၄)   ရက်နေ့က စက်ရုံအနီးဝန်းကျင်ရှိ မလိုင်ခြုံကျေးရွာမှ ခိုင်းနွားတစ် ကောင်သေဆုံးခဲ့ရကြောင်း ရေတက်  ချိန်ချောင်းရိုးမှ တက်လာသော  ရေများသည် အနီရောင်ရှိပြီးအနံ့   အသက်လည်း ဆိုးရွားသောကြောင့်  ဒေသခံများ အသက်ရှုကြပ်သည် အထိမခံမရပ်နိုင်အောင်ဖြစ်နေ ကြောင်းကိုလည်း သိရှိရပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့