Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 27 July 2012

အနာဂတ် ရုပ်ရှင် ထုတ်လုပ်မှု လုပ်ငန်း အကြောင်း ဆွေးနွေးပွဲ ပြုလုပ်



အနာဂတ် ရုပ်ရှင် ထုတ်လုပ်မှု လုပ်ငန်း ဆိုင်ရာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု တစ်ခုကို ယနေ့ နေ့လည် ၁ နာရီက ရန်ကုန်မြို့ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားဝန်း
အတွင်းရှိ အစည်းအဝေး ခန်းမမှာ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ ဆွေးနွေးမှုကို Forever Group Co., Ltd နဲ့ ၀ါနာ ဘရားသားတို့မှ ပူးပေါင်း လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ မှာတော့ Asia Film ကော်မရှင်မှ အကြံပေး အရာရှိ တစ်ဦးဖြစ်ပြီး ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်တဲ့ Mr. Bill Bowling က ဦးဆောင် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ Mr. Bill Bowling မှ မြန်မာနိုင်ငံရဲ့ မီဒီယာ အခန်း ကဏ္ဍဟာ လျင်မြန်စွာ တိုးတက် နေကြောင်း၊ နိုင်ငံတကာ အဆင့်ဝင်ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အခုလို လျင်လျင်မြန်မြန် တိုးတက်နေတဲ့ မီဒီယာ အခန်း ကဏ္ဍမှာ လူငယ်တွေက ပိုမို အရေးကြီးကြောင်း မှတ်ချက်ပြု ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် အခုလို ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို လွတ်လပ်တဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ တက်ရောက်တဲ့ Mr. Bill Bowling က နိုင်ငံတကာ ရုပ်ရှင်လောက ပြောင်းလဲ တိုးတက်နေပြီး ဒီလို ပြောင်းလဲ တိုးတက်ဖို့ အတွက် အရေးကြီးတဲ့ ပရိသတ်များရဲ့ ရွေးချယ်မှု၊ ကမ္ဘာ့ထိပ်တန်း ရုပ်ရှင် ထုတ်လုပ်ရေး လောက တစ်ခု ဖြစ်တဲ့ ဟောလီးဝုဒ် ရုပ်ရှင် လောကရဲ့ ရုပ်ရှင် ထုတ်လုပ်မှု အခြေအနေများ၊ ဈေးကွက်များ အစရှိတဲ့ အကြောင်းအရာ များကို ဆွေးနွေး ပြောကြား ခဲ့ပါတယ်။

Mr. Bill Bowling ဟာ နိုင်ငံတကာ ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းမှ ကျွမ်းကျင်တဲ့ ပညာရှင် တစ်ဦးဖြစ်ပြီး၊ မီဒီယာ လုပ်ငန်းများ၊ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေမှာ အတိုင်ပင်ခံ အဖြစ် ဆောင်ရွက် ပေးလျက်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ ကိုတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ Forever Group Co., Ltd မှ CEO နဲ့ ဒါရိုက်တာ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး တက်ရောက် လာသူများမှ မေးမြန်းချက်များကို Mr. Bill Bowling က ပြန်လည် ဆွေးနွေး ပေးခဲ့ပါတယ်။ ဆွေးနွေးပွဲကို ပူးပေါင်း ကျင်းပတဲ့ Forever Group Co., Ltd ဟာ မြန်မာနိုင်ငံရဲ့ ရုပ်သံလွှင့် နယ်ပယ်မှာ MRTV-4  နဲ့ Channel -7 Free to Air ရုပ်သံလိုင်းများကို ထုတ်လွှင့် နေတဲ့အပြင် အခြား Pay Channel လိုင်းများ အဖြစ် Digital လိုင်းများစွာကို ထုတ်လွှင့် နေတာ ဖြစ်ကြောင်း သတင်းပေး တင်ဆက် လိုက်ရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့