Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 July 2012

တရုတ်သတင်းစာ ဘာသာပြန်လွဲမှား၊ မြစ်ဆုံသဘောထား ပြည်သူနှင့် တစ်ထပ်တည်းပါဟု ဦးအောင်သိန်းလင်း ပြောကြား

တရုတ်နိုင်ငံထုတ်Southern Weekend အပတ်စဉ်ထုတ် သတင်းစာ ၌ ဖော်ပြထားချက်သည် မိမိ၏ဖြေဆိုမှုနှင့် လွဲမှား နေသည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင်ဦးအောင် သိန်းလင်းက ပြောသည်။
''သူတို့ ဘာသာပြန်လွဲမှားပြီး ရေးတာ။ သူတို့လွဲတာပဲ ဖြစ်နိုင်ပါတယ်။ ဒီဟာ(မြစ်ဆုံစီမံကိန်း)နဲ့ ပတ်သက်ပြီး ထင်ထင် ရှားရှားဖြစ်အောင် လေ့လာ ဆန်းစစ်သင့်တယ်လို့ ကျွန် တော့်ယူဆချက် အတိုင်း ပြောတာ။ လေ့လာ ဆန်းစစ်ပြီးတော့မှ ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို ထိခိုက်နိုင်တယ်ဆိုရင်တော့ ဒီလုပ်ငန်းတွေက လုပ်လို့မဖြစ်ဘူး ဆို ဘယ်သူ မှလုပ်ကြမှာ မဟုတ် ပါဘူးလို့''ဟု ဇူလိုင် ၂၃ ရက်၊ ညနေ ၆ နာရီခွဲခန့် တွင် ပေါ်ပြူ လာနယူးစ်၏ ဆက်သွယ်မေးမြန်းချက်ကို ဦးအောင်သိန်းလင်း က ပြန်လည်ဖြေကြားခဲ့သည်။
တရုတ်သတင်းစာဘက်မှ ရန်ကုန်၌ လာရောက်မေးမြန်းသည်မှာ တစ်လ ခွဲခန့်ကြာပြီဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောသည်။ Southern Weekend အပတ်စဉ်ထုတ်သတင်းစာ၌ တရုတ် ဘာသာဖြင့် ဖော်ပြ ထား သည့် အဆိုပါအင်တာဗျူးကို www.bur-manet.org တွင် အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆိုဖော်ပြထားကြောင်း သိရသည်။ ယင်းသို့ ဘာသာပြန် လွဲမှားမှု နှင့် ပတ်သက်၍ တရုတ်သတင်းစာ သို့ ဆက်သွယ်ပြီး ဖြေဆိုထားမှု အပေါ် ပြန်စစ်ဆေးပေးရန်နှင့် အမှား ပြင်ဆင်ချက် ပြန်ထည့်ခိုင်းမည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ၄င်း၏သဘောထားသည် ပြည်သူ လူထု သဘောထားနှင့် တစ်ထပ် တည်းဟု ဦးအောင်သိန်းလင်းက ပြောသည်။
''ဒါကြီး(မြစ်ဆုံစီမံကိန်း)လုပ် ပြီးတော့ တစ်ချိန်ချိန် ကာလကြာ လာတဲ့ အခါမှာ ပြိုကျ ပျက်စီးလို့ရှိရင် အောက်မှာရှိတဲ့လူတွေ ခံရမယ်။ ရာနှုန်းပြည့် သေချာမှ၊ လုံခြုံရေးတို့၊ အဓိက လုံခြုံရေး။ ရှုထောင့်အမျိုး မျိုးက ကြည့်ရမှာပဲ။ ဒါက ကြီး ကျယ်တဲ့လုပ်ငန်းကြီးဖြစ်တယ်လေ။ လုပ်ငန်းအကြီးကြီးဖြစ်တဲ့အတွက် သေချာစဉ်းစားပြီးမှ သုံးသပ်ဖို့လို တယ်လေ။ အဓိက ကတော့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်အောင် မလုပ်သင့်ဘူး။ လူတွေ ဘေးမရှိဘူးဆိုရင် တစ်မျိုး ပေါ့''ဟု ၄င်းက ဆက်လက်ပြောသည်။
အနောက်နိုင်ငံများနှင့် ပတ်သက်၍ ဖြေဆိုထားမှုအပေါ် ပေါ်ပြူလာနယူးစ် မှ မေးမြန်းခဲ့ရာ အနောက် နိုင်ငံများအပေါ် ၄င်းအနေနှင့် နှစ်သက်မှု မရှိကြောင်း အမျိုးသားရေး စိတ်ဓာတ်အရ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း၊ မြန် မာနိုင်ငံသို့ အမြဲမပြတ် လာရောက်နေသော်လည်း စီးပွား ရေး ပိတ်ဆို့ထား မှုအပေါ် မဖွင့်သေး သည့်အပြင် ထပ်မံကာ သက်တမ်း တိုးနေခြင်းကြောင် ဖြစ်သည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။
ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်နှင့်ပတ်သက်၍ မေးမြန်း ခဲ့ရာ ''လူတွေ ရူးနေတယ်လို့ မပြော ဘူး။ ဒီနှစ် ဒီရာသီမှာ သူ့ကို ခရေစီ ဖြစ်နေ တာပေါ့။ ဗိုလ်ချုပ်သမီး ဆိုတဲ့ အစွဲအလမ်းနဲ့ မဲထည့်တာကို ပြော တာပါ''ဟု ၄င်းက ပြန်လည်ဖြေ ကြားခဲ့သည်။ ပြည်ခိုင်ဖြိုး အထွေထွေအတွင်း ရေးမှူး ဦးဌေးဦးက ဦးအောင်သိန်းလင်း အနေဖြင့် တရုတ်သတင်းထောက် အား ပြောကြားခဲ့ခြင်းတို့ သည်ပါတီမှ အစည်းအဝေးလုပ်၍ ထုတ်ပြန်ခဲ့ခြင်း မဟုတ်၍ ပါတီ၏ သဘောထား မဟုတ်ကြောင်း၊ ၄င်းအပြင် ဦးအောင်သိန်းလင်း၏ ပြောဆိုခဲ့မှုကို မသိမကြား ခဲ့ရ၍ မှတ်ချက်မပေး လိုကြောင်း ပြောသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နေထိုင်လျက်ရှိပြီး မြန်မာစကားပြန် အဖြစ် ဆောင်ရွက်နေသူ တရုတ် နိုင်ငံသား အမျိုးသမီးတစ်ဦးက ''မြန်မာလို ပြောတဲ့ဟာကို တရုတ် လို ပြန်ရေးသားတဲ့အခါ အမှား အယွင်း ဆိုတာ ရှိတတ်ပါတယ်''ဟု ဘာသာပြန်ဆိုမှုဆိုင်ရာ အခက်အခဲ ကို အင်တာနက်မှတစ်ဆင့် ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့