Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

စက်မှုဇုန်များနှင့် ဆက်သွယ်ကာ အခမဲ့လုပ်သား ကျွမ်းကျင် သင်တန်းမှ တစ်ဆင့် လုပ်အကိုင်များ ရှာဖွေပေး သွားမည်

ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ များရှိ အလုပ်သား များအား ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေဖို့ အခမဲ့ သင်တန်းများကို အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ
ဖွင့်လှစ် သင်ကြား ပေးလျက်ရှိရာ သင်တန်းများ ပြီးဆုံးပါက ပြည်တွင်းရှိ စက်မှုဇုန် များနှင့် ဆက်သွယ်ကာ သင့်တော်တဲ့ အလုပ်အကိုင် များကို ရှာဖွေပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရှာဖွေပေး ရခြင်းမှာ စက်မှုဇုန် တွေမှာ လိုအပ်တဲ့ လုပ်ငန်းတွေမှာ သင်တန်း တက်ရောက် ပြီးသွားတဲ့ လုပ်သားတွေ အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှာ ဖြစ်သလို  လုပ်ငန်းရှင်တွေ အနေနဲ့လည်း ကျွမ်းကျင် လုပ်သား တွေကို ရရှိစေဖို့ အတွက် ဖြစ်ပါတယ်။

အဆိုပါ သင်တန်းတွေကို  တက်ရောက် လိုတဲ့ လုပ်သားတွေဟာ ရန်ကင်းမြို့နယ် မှာရှိတဲ့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်း ကျောင်းကို ဆက်သွယ် စာရင်းပေး ရမှာ ဖြစ်ပါတယ်။ သင်ကြား ပေးမယ့် သင်တန်းတွေ ကတော့ အခမဲ့ အခြေခံ တွင်ခုံ သင်တန်းနဲ့ အခမဲ့ အခြေခံ ဂဟေဆက် သင်တန်း စတဲ့ သင်တန်း တွေကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အခြေခံ ဂဟေဆက် သင်တန်းကို ဇူလိုင်လ ၂၅ ရက်နေ့မှာ ဖွင့်လှစ်မှာ ဖြစ်ပြီး  အခြေခံတွင် ခုံဖောက် သင်တန်းကို သြဂုတ်လ ၆ ရက်နေ့မှာ စတင် ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အဲ့ဒီ သင်တန်း တစ်မျိုးစီမှာ သင်တန်းသား ၂၀ ဦးစီသာ လက်ခံ သင်ကြားမှာ ဖြစ်ပါတယ်။

အဆိုပါ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းမှာ အခြေခံ ဂဟေဆက် သင်တန်း၊ အခြေခံ တွင်ခုံဖောက် သင်တန်းများ အပြင် အခြေခံ လျှပ်စစ် သင်တန်းနဲ့ ပိုက်ဆက် သင်တန်း များလည်း ဖွင့်လှစ် သင်ကြား ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်ကြား ပေးလျက်ရှိတဲ့ အတတ်ပညာ သင်တန်းများမှာ စာတွေ့၊ ၃၀ ရာခိုင်နှုန်းနဲ့ လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားပေး လျက်ရှိပြီး အဲ့ဒီ အတတ်ပညာ သင်တန်း အားလုံးမှာ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဘာသာရပ် ကိုပါ ထည့်သွင်း သင်ကြားပေး တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့