Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 July 2012

ရန်ကုန်တိုင်း ဒေသကြီး၏ မိုးပွင့်အဆင့် ၃ စီမံချက်အရ ၁ လတာ အတွင်း မှတ်ပုံတင် ကတ်ပြား တစ်သောင်း သုံးထောင်ကျော် ထုတ်ပေး





လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှပြုလုပ် လျက်ရှိတဲ့ မိုးပွင့် အဆင့် ၃ စီမံချက်မှာ ဇွန်လ ၁ ရက်ကနေ ၃၀ ရက်နေ့ အထိ တစ်လတာ
ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးမှာ မှတ်ပုံကတ်ပြား တစ်သောင်း သုံးထောင်ကျော် ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ ပြောပြချက် အရ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ထုတ်ပေးခဲ့တဲ့ ကတ်ပြား အရေအတွက်မှာ ၁၀ နှစ်ပြည့် ကလေးများ အတွက် မှတ်ပုံတင် ကတ်ပြား ခြောက်ထောင့် တစ်ရာကျော် ထုတ်ပေးပြီး ၁၈ နှစ်ပြည့်သူများ အတွက် မှတ်ပုံတင်ကတ် ရှစ်ထောင့် ငါးရာကျော် ထုတ်ပေး ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား မှတ်ပုံတင် ကတ်ပြားများ ထုတ်ပေးရေး စီမံချက် ဖြစ်တဲ့ မိုးပွင့် အဆင့် ၃ စီမံချက်ကို ဇွန်လ ၁ ရက်နေ့ ကနေ ဇူလိုင်လ ၃၁ ရက်နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခုလို ပြုလုပ်ပေး ရာမှာ သက်ဆိုင်ရာ မြို့နယ်၊ ဒေသ အသီးသီးမှာ ကွင်းဆင်းပြီး ဆောင်ရွက်ပေး နေတာ ဖြစ်သလို ကျောင်းဖွင့်ရာသီ ဖြစ်တဲ့ အတွက်လည်း ကျောင်းတွေမှာပါ စီမံချက် အတိုင်း ကွင်းဆင်းပြီး ပြုလုပ်ပေး လျက်ရှိတယ်လို့ သိရပါတယ်။ မှတ်ပုံတင် ကတ်ပြား ပြုလုပ်လိုသူတွေ ကတော့ အိမ်ထောင်စု ဇယား မိတ္တူ၊ ဓာတ်ပုံ ၄ ပုံ၊ သွေးအမျိုးအစား မှတ်တမ်း၊ မိဘများရဲ့ နိုင်ငံသား မှတ်ပုံတင် မိတ္တူများ လိုအပ်မှာ ဖြစ်ပါတယ်။

မှတ်ပုံတင် ပြုလုပ်ရာမှာ နိုင်ငံတော်ကို ပေးသွင်းခ အနေနဲ့ မှတ်ပုံတင် အသစ် လုပ်ပါက ငွေ ၆ ကျပ်သာ ကျသင့်မှာ ဖြစ်ပြီး မှတ်ပုံတင် အဟောင်းကို အသစ် လဲပါက ၃ကျပ်နဲ့ ပျောက်ခြင်း၊ ပျက်ခြင်းတို့ အတွက် ၁၀ ကျပ်သာ ကျသင့်မှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရှိရပါတယ်။ ယခုလက်ရှိ ဆောင်ရွက် လျက်ရှိတဲ့ မိုးပွင့် အဆင့် ၃ စီမံချက်ကို ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆောင်ရွက် ပေးလျက်ရှိပြီး နောက်ပိုင်းမှာ မိုးပွင့် အဆင့် ၄ စီမံချက် ကိုလည်း ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့