Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 July 2012

`စေလိုရာစေ......´´တဲ့


``စေလိုရာစေ......´´တဲ့
အားလုံးပေးဆပ် ရှင်သန်ခြင်းဖြင့်
ရင်တွင်းက စကားလေး
အေးမြလွန်းလှတယ်ကွယ်......
................................
ကြားဘူးစဉ်ကတည်းက
စဉ်းစားဘူးပါတယ်....
ဘာကြောင့်များ ဒီလောက်ထိ
သူ....... ချစ်ခဲ့မိပါလိမ့်လို့......။
................................
မခမ်းနားပေမဲ့
ဆန်းပြားတဲ့ ချစ်ခြင်းတရားက
နှလုံးသားလေးပြည့်တင်း
ငြိမ်းချမ်းခြင်းတွေကြောင့်ပဲ ထင်ပါရဲ့...
.................................


ချစ်သူရဲ့ နှုတ်ဖျားက စကား
နှလုံးသားထဲမှာ စီးဝင်
လိုချင် တပ်မက်ခြင်းနှင့်
စိတ်စေရာ ခရီးနှင်
ပျော်ရွှင်ကျေနပ် တတ်ခဲ့တယ်။
.................................
သူ့ နှုတ်ဖျားက စကား
တေးသွားလေးလဲ ဖြစ်
ကဗျာလေးလဲဖြစ်
တမ်းတ မက်မောစရာ
ရာသီ အဝေ့အ၀ိုက်တွေနဲ့
တကယ်ကို လှပခဲ့ပါတယ်....။
.................................
နောက်ဆုံးမှာတော့
နှုတ်ဖျားကစကား
နှလုံးသားကိုဖဲ့ချွေ.....
တစ်စစီကျေမွ
ကိုယ်လေ..... အသက်ရှူလျှက်က
သေဆုံးသွားခဲ့ရပြီ ထင်ပါတယ်...
...................................


အခုတော့....
ကိုယ့်ရဲ့ နားတွေက ဘာမှလဲ မကြား.......
ကိုယ့်ခြေလှမ်းတွေက
ချစ်သူရှိရာနဲ့ ချစ်သူနဲ့ ဝေးရာဆီ
ဘယ်ကိုမှလဲ မသွားတော့ဘူး....
စကားလေးတွေ ကြားနေလို့....
ချစ်သူနှုတ်ဖျားက
လှပတဲ့ စကားတွေလေ.......။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့