Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

ယခုနှစ်အတွင်း လှော်ကား ရေဝေရေလဲ ဒေသ၌ ဧက ၁၀၀ သစ်ပင် စိုက်ရန်ရှိ

ရန်ကုန်တိုင်း ဒေသကြီး လှော်ကား ရေဝေရေလဲ ဒေသမှာ အခု ၂၀၁၂ ခုနှစ်အတွင်း မြေဧက ၁၀၀ မှာ သစ်ပင် စိုက်ပျိုး သွားဖို့ရှိတယ်လို့ ရန်ကုန်မြို့တော်
စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို စိုက်ပျိုးမှု အတွက် လက်ရှိမှာ ဧက ၁၀၀ လုံး မြေရှင်းလင်းပြီး နေပြီး သစ်ပင် စိုက်ပျိုးမှု ကတော့ ဧက ၂၀ ပြီးစီးနေပြီ ဖြစ်ပါတယ်။

ဒီလို စိုက်ပျိုးရာ မှာလည်း ကျွန်းပင်နဲ့ ထန်းပင်ကို အဓိက စိုက်ပျိုးတာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ မဟော်ဂနီ၊ တည်ကြီး၊ အညာတမာ၊ ငုရွှေဝါ၊ စိန်ပန်းကြီး၊ မယ်ဇယ်နဲ့ ပျဉ်းကတိုး အစရှိတာ တွေကို စိုက်ပျိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရေဝေရေလဲဒေသ အတွင်း သစ်ပင် စိုက်ပျိုးမှုကို ပြီးခဲ့တဲ့ နှစ်ကလည်း ကျွန်းပင် တစ်သိန်း နဲ့ ထန်းပင် ငါးသောင်း ၊ အရိပ်ရပင် သုံးသောင်း သုံးထောင်ကို ဧက ၂၅၀ ခန့် စိုက်ပျိုးခဲ့ပါတယ်။

အဲ့ဒီ လှော်ကား ရေဝေရေလဲ ဒေသဟာ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်မှာ ရှိပြီး အကျယ်အ၀န်း အနေနဲ့ ရေပြင်ဧက ၂၈၀၀ ကျော် မြေပြင်ဧက ၅၇၀၀ ကျော်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ လှော်ကား ရေဝေရေလဲ ဒေသကို ရန်ကုန်မြို့ အတွင်း နေထိုင်သူတွေ သောက်သုံးရေ ရရှိစေဖို့အတွက် အဓိက ရည်ရွယ် တည်ဆောက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့