Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 30 July 2012

» မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်


မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။

''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။

CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့် ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍ စီမံကိန်း၏ အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုစီမံကိန်း၏ အကျိုးကျေးဇူး များအား သိရှိပါက ပြည်သူများအား နားလည် သဘောပေါက်အောင် ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်အတွက်ဖြစ်ကြောင်း ပြောသည်။

CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ စစ်ဆေးမှုများ ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်သူများ၏ တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့