Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 27 July 2012

မျှော်လင့်ချက်


မင်း ..
အဝေးမှာပဲ ရောက်နေရောက်နေ
အနီးမှာပဲ ရှိနေရှိနေ
ငါ့မျက်လုံးက မင်းမျက်နှာကို မတွေ့မြင်ရလဲ
ငါ့နှလုံးသားက မင်းရှိနေတာကို ခံစားလို့ရပါတယ် .. ။

မင်း ဘယ်ကိုပဲသွားသွား
ငါကပဲ ဘယ်မှာနေနေ
မင်းကိုမထိတွေနိုင်ပေမဲ့
မင်းကို ငါ့နှလုံးသားထဲမှာ အမြဲပွေ့ဖက်ထားလို့ရပါတယ် .. ။

မိုင်တွေ ဘယ်လောက်ပဲ ကွာပါစေ
အတားအဆီးတွေ ဘယ်လောက်ပဲရှိပါစေ
မင်းတစ်ယောက်ကိုပဲ ဘေးမှာရှိစေချင်တာ
ငါ့ရဲ့ မျှော်လင့်ချက်ပါ .. ။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့