Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 30 July 2012

ရွှေတိဂုံ စေတီတော်ရှိ စဥ့်ကူးမင်း ခေါင်းလောင်းအား သံပန်းများ ကာရံကာ ထိန်းသိမ်း သွားမည်



ရွှေတိဂုံ စေတီတော်ရှိ စဥ့်ကူးမင်း ခေါင်းလောင်းဟာ နှစ် ၂၀၀ ကျော် သက်တမ်းရှိ လာပြီဖြစ် တာကြောင့် ပျက်စီးမှု မဖြစ်ပေါ်စေဖို့ အတွက် ခေါင်းလောင်း
ဝန်းကျင်ကို သံပန်းကာရံကာ ထိန်းသိမ်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို သံပန်း ကာရံရခြင်းမှာ အဆိုပါ ခေါင်းလောင်းဟာ နှစ်ပေါင်း ၂၃၄ နှစ် သက်တမ်း ရှိနေပြီး ဘုရာဖူး လာသူများ ခေါင်းလောင်း ထိုးမှုများကြောင့် ပျက်စီး ကျိုးပဲ့မှု ဖြစ်ပေါ် လာမှာစိုးတဲ့ အတွက် ကာရံခြင်း ဖြစ်ပါတယ်။

ဒီလို ကာရံမှုကို ဇူလိုင်လ ကုန်ပိုင်း လောက်မှ စတင်ပြီး သံပန်း အနိမ့်များနဲ့ ကာရံသွားမှာ ဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ စဥ့်ကူးမင်း ခေါင်းလောင်းမှာ အလေးချိန်တန် ၂၄ တန်ရှိပြီး ရွှေတိဂုံ စေတီတော်ရှိ လက်ရှိ ခေါင်းလောင်း များထဲမှာ ဒုတိယ အကြီးဆုံး ခေါင်းလောင်း ဖြစ်ပါတယ်။ ရွှေတိဂုံ စေတီတော်မှာ ခေါင်းလောင်း စုစုပေါင်း ၃၅ လုံးရှိပြီး ပထမ အကြီးဆုံး ခေါင်းလောင်းမှာ သာယာဝတီမင်း ခေါင်းလောင်း ဖြစ်ပြီး အဆိုပါ ခေါင်းလောင်းမှာ အလေးချိန် ၄၂ တန်ရှိပြီး သက်တမ်းမှာ ၁၇၂ နှစ် သက်တမ်းရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့