Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 July 2012

အိပ်မက်လမ်း


အဲဒီ ပန်းခင်းလမ်းကိုလျောက်နေဆဲမှာ


ဖျတ်ခနဲ နိုးလာတိုင်း


ကိုယ့်ရင် ဘယ်ဘက်တံတိုင်းမှာ သူပုန်ထတယ်။။


ဖြစ်နိုင်ရင်...


မျှော်လင့်ခြင်းတစ်သိုက်ကို အလိုက်ပေးမယ်


အဲဒီအိပ်မက်လေး ဝယ်ချင်တယ်ကွယ်။။





ကလေးတစ်ယောက်လို တပ်မက်မှုမျိုး


အဖြူရောင်သက်သက်ပါ


မိုးဥတုမှာမှ ကိုယ်ကနှင်းကျစေချင်ခဲ့မိတယ်လေ


အခုတော့....


တစ်ကိုယ်လုံးမှာ ရွှဲရွှဲကိုစိုလို့။။





အိပ်မက်တစ်ခုရဲ့ အခန်းဆက်ကကွက်တွေထဲ


ကိုယ့်မနက်ဖြန်တွေကို


မင်းပဲ အသက်သွင်းပြီး၊ မင်းပဲလိပ်ပြာနှုတ်ခဲ့တယ်


ကိုယ်တရားစွဲပါရစေ။။





မရေရာမှန်းတော့သိတာပေါ့


တမ်းတမိတာကို အပြစ်မတင်ရက်နဲ့ကွယ်။။





တကယ်တမ်းကျတော့လည်း


မင်းရင်ခွင်ကို အပိုင်သိမ်းချင်ရုံလေးပါ


ကိုယ်...ခြေတစ်လှမ်း နောက်ကျခဲ့တယ်။။





တေလေလှိုင်းတစ်လုံးရဲ့ ဇာတ်လမ်းမှာ


မှတ်တမ်းမရှိခဲ့ရှာဘူး


ကမ်းမရောက်ခင်မှာပဲ ပျောက်ကွယ်ခဲ့ရ။။ 


ရောင်နီမလာခင် မီးစာကုန်သွားတဲ့


တခမ်းတနား မျှော်လင့်ခြင်းတွေအတွက်တော့


ကိုယ့်မှာပဲ တာဝန်ရှိလိုက်ပါ့မယ်။။


ဆီမပါ၊ပြားမပါ အနာဂတ်မှန်းသိနေတော့


အဲဒီလျှောက်လမ်းမှာ


ကိုယ့်မာနတွေ တန်းမဝင်ခဲ့ဘူးကွယ်


ကိုယ်... ရှုံးတယ်။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့